ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအားကြည့်ရှုအားပေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအားကြည့်ရှုအားပေး

ပူတာအို  ဧပြီ  ၁၁

            ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများ နှင့်အတူ  ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် သီးထပ်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိရေး၊ပန်း အာလူး စိုက်ဒေသခံတောင်သူများနှင့် မတ်(၁၀)ရက် နံနက်(၈)နာရီခွဲ ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်းရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။

            တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအနေဖြင့် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် ဒေသတွင်း ဆန်၊စပါးအထွက်တိုးရေး၊သီးထပ်သီးနှံများအောင်မြင်ဖြစ်ထွန်းရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုရှင်းလင်းပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေး၊ပန်းအာလူး စိုက်တောင်သူများက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုးမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊သီးထပ်သီးနှံများတိုးမြှင့်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်နှင့်နည်းစနစ်တကျစိုက်ပျိုး ထုတ်လုပ်ရေး၊ပန်းအာလူးစိုက်ပျိုးရေးအတွက်မျိုးသန့်များဖြန့်ဖြူးသွားမည့်အစီအစဉ်များ၊စိုက်ပျိုးရာတွင်တွေ့ ကြုံရသည့်အခက်အခဲများကိုပွင့်လင်းရင်းနှီးစွာဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များကို ဌာန ဆိုင်ရာများနှင့်ချိတ်ဆက်ပေါင်းစပ်ပေးခဲ့သည်။

            ထိုနောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ မြို့မရပ်ကွက်တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံ အတွင်း ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် ဒေသမျိုးရင်း ဆန်စပါးအစားပြောင်းလဲစိုက်ပျိုးသွား မည့်မျိုးစပါး များနှင့်သီးထပ်စိုက်ပျိုးမည့် အထွက်တိုးဆင်းဧကရီ-၃မျိုးစပါးတင်း(၁၀၀၀)နှင့်ရွှေရင်အေး(၁၅)တင်း၊သီးထပ် သီးနှံအဖြစ်စိုက်ပျိုးမည့် ပန်းအာလူးမျိုးပိဿာ(၈၀၀)သိုလှောင်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး တောင်သူများထံဖြန့်ဖြူးပေးသွားနိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့သည်။

            ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် မချမ်းဘော့မြို့သို့သွားရောက်ပြီး  မြို့မရပ်ကွက်(၄)ရှိ ကာရာနီအေဂျီအသင်းတော် ဘုရားကျောင်းဝင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ယခုနှစ် ဧပြီလကုန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးစီမံချက်ရေးဆွဲ၍ဆောင်ရွက်သွားမည့်အစီအစဉ်များကို ချပြရှင်းလင်းဆွေးနွေးခြင်း၊ဒေသခံပြည်သူများကာကွယ်ဆေးထိုးလုပ်ငန်းစဉ်အတွင်းပူးပေါင်းပါဝင်ပေးရေးဆွေး နွေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးအတွက် ကိုယ်ဝန်ဆောင်အားဆေးများ နှင့်တက်ရောက်လာသူများအတွက် အားဆေးများအခမဲ့ဖြန့်ဝေပေးပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ လှိုင်လှိုင်ဌေးနှင့်ကျန်းမာရေးဝန်ထမ်းများ၏ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများ ကိုကြည့်ရှုအားပေးခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးသည် တောင်သူဦးရမ်ဆိုင်း၏လယ်မြေ ငါးဧကပေါ် တွင် ဆောင်းသီးနှံပဲပုတ်စံပြကွက်အတွင်း ပဲပုပ်ပင်များဖြစ်ထွန်းနေမှုကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး မချမ်းဘော့မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားကာ  မြို့ သန့်ရှင်းသာယာလှပရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

            ထိုမှတဆင့်ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ သတ္တုတွင်းဦးစီးဌာန၊ခရိုင်ဆား လုပ်ငန်းဌာနခွဲ၌  အိုင်အိုဒင်းဆားအရောင်းဆိုင်များမှအိုင်အိုဒင်း ဓါတ်ပါရှိမှုရှိမရှိဓါတ်ခွဲစမ်းသပ်စစ်ဆေးနေမှု အခြေအနေများ၊ပူတာအိုခရိုင်အတွက် အိုင်အိုဒင်းဆား(၇၁၉)အိတ်သိုလှောင်ထားရှိမှုအခြေအနေများနှင့်ဖြန့်ဖြူး ပေးမည့်အခြေအနေများကိုကြည့်ရှုစစ်ဆေးသည်။

            ယင်းနောက်ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် သစ်တောဦးစီးဌာန ပျိုးဉယျာဉ် ခြံသို့သွားရောက်ပြီး   ပျိုးခြံအတွင်း သစ်မာပင်များပျိုးထောင်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ သည်။             ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် မြို့နယ်သစ်တောဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်း များနှင့်တွေ့ဆုံပြီး မြို့နယ်ဦးစီးမှူး ဦးညိုဦးက  ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရေးအတွက် မိုးတွင်းကာလ တွင် ဖြန့်ဝေစိုက်ပျိုးသွားမည့် သစ်မျိုးပင်များပျိုးထောင်ထားရှိမှုအခြေအနေနှင့်ဌာန၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြမှုအပေါ်လိုအပ်သည်များဖြည့်စွက်ဆောင်ရွက်ပေးခဲ့သည်။