ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၁၄

          ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကိုဗစ်-၁၉ ဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေးနှင့် လိုအပ်သည့် ထိန်းချုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကု သရေးအတွက် တည်ဆောက်ပြီးစီးသည့် အောက်စီဂျင်စက်ရုံ လည်ပတ်ထုတ်လုပ်နိုင်မှုအခြေအ နေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထုတ်လုပ်သုံးစွဲမှုအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည် များကို ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကို အလျော့နည်းဆုံးနှင့် အသက်သာဆုံးကျော်ဖြတ် နိုင်ရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအပြင် လိုအပ်သည့် ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများကိုလည်း မြို့နယ်များအလိုက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အရပ်ဖက်လူမှုပရဟိတအသင်းအဖွဲ့များ၊ ဘာသာ‌ရေးအဖွဲ့အစည်းအ သီးသီးတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ခဲ့သော် လည်း ကိုဗစ်-၁၉ ကို ဆက်လက်ကာကွယ်ထိန်းချုပ်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ဝိုင်းမော်မြို့နယ် အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် မြို့နယ်ကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးပေးနေမှု၊ ကာ ကွယ်ဆေးထိုးနှံပေးနေမှု လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရေးနှင့် မြို့နယ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများကို နယ်စပ်ကုန်သွယ်‌ရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် သက်ဆိုင်သူများအားလုံး ထိုးနှံပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။