ကချင်ပြည်နယ်အစိုးရအဖွဲ့က သင်္ကြန်ကာလ ဒုလ္လဘရဟန်းခံ ဝန်ထမ်းများအား သိမ်ဆင်းလောင်းလှူပူဇော်

 ကချင်ပြည်နယ်အစိုးရအဖွဲ့က သင်္ကြန်ကာလ ဒုလ္လဘရဟန်းခံ ဝန်ထမ်းများအား သိမ်ဆင်းလောင်းလှူပူဇော်

မြစ်ကြီးနား     ဧပြီ ၈

          ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ မဟာသင်္ကြန်ကာလအတွင်း အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်း ဒုလ္လဘရဟန်းခံ အလှူမင်္ဂလာပွဲတော် ကျင်းပပြုလုပ်ခဲ့ကြပြီး ဧပြီ ၈ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ဒုလ္လဘရဟန်း/ သံဃာတော်များအား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြသည်။

          သိမ်ဆင်းလောင်းလှူခြင်းကို ဒုလ္လဘရဟန်းခံ သံဃာတော်များအား ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် ခရိုင်၊ မြို့နယ်အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် များ၊ ဒုလ္လဘရဟန်းခံဝန်ထမ်းများ၏ မိသားစုဝင်များက သိမ်ဆင်းရဟန်း ၃၈ ပါးတို့အား ဆွမ်း၊ ကွမ်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် ဆုတောင်းပြည့်ကျောင်းတိုက်၌ ဝန်းသိုကျောင်းတိုက်ဆရာတော်အမှူးပြု၍ ဆရာ တော်၊သံဃာတော်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး အနုမောဓနာ တရားတော်များ နာယူခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆရာတော်၊ သံဃာတော် များနှင့် ဒုလ္လဘရဟန်းသံဃာတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။