ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

 ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၁၇

          ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်စဉ်မပျက်ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက် ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာမင်္ဂလာအခမ်းအနားများကို ဧပြီ ၁၇ ရက် နံနက် ပိုင်းက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများက ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါး ကြင်း၊ ငါးခုံးမကြီးကောင်ရေ (၂)သိန်းကျော်ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် မြို့တော်ခန်းမ၌ သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အသက် (၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဘိုးဘွား (၇၀)ဦး တို့အား အသုံးအဆောင်ပစ္စည်းများနှင့်ငွေသားများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ဘိုးဘွားများအား ထောက်ပံ့ငွေများကိုလည်း ကောင်း ဂါဝရပြုလှူဒါန်းပူဇော်ကန်တော့ခဲ့ကြသည်။

          ယင်းနောက် နံနက် ၉ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ စေတနာသွေးသန့်သွေးလှူရှင်းအသင်း၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ သွားရောက် ပြီး နှစ်ဆန်း(၁)ရက်နေ့ ကုသိုလ်ဖြစ် သံဃာတော်များနှင့် စေတနာသွေးလှူရှင်များ၏ လှူဒါန်းမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး သွေးလှူရှင်များအတွက် အဟာရဖြစ်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ၊ သွေးလှူရှင်အသင်းနှင့် ဆေးရုံသွေးလှူဘဏ်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ မြို့တော်ခန်းမ၌ ကျင်းပသည့် အန္တရာယ်ကင်းပရိတ်တရားတော်နာနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဆရာတော်/သံဃာတော်များထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်မြတ်နာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်/ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          အလားတူ မြစ်ကြီးနားမြို့ရှိ ဘုရား၊ကျောင်းကန်များ၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကုသိုလ် ကောင်းမှုပြုသူများ၊ ဥယျာဉ်ပန်းခြံများနှင့် အပန်းဖြေစခန်းများတွင် လည်ပတ်သွားလာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။