ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ်များနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ်များနှင့် ညှိနှိုင်းဆွေးနွေး

 

မြစ်ကြီးနား     ဧပြီ ၁၈

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ခရိုင်၊ မြို့နယ်အလိုက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦး ရေ၏ ၆၆.၄၆ ရာခိုင်နှုန်းထိုးနှံနိုင်ခဲ့ပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ် များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အောင် မြင်ချောမောစွာ ဆောင်ရွက်နိုင်ရေး စီမံချက်များကို ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ပြညနယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ စုစုပေါင်း ၉ သိန်းကျော်ရှိသည့် အနက် ထိုးနှံပြီးစီးမှုအရေအတွက်မှာ ၆ သိန်းကျော်ရှိပြီဖြစ်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၆၆.၄၆ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ပြီး ထိုးနှံရန်ကျန်ရှိသည့် လူဦးရေအား အပြည့်အဝ ရာနှုန်းပြည့်ထိုးနှံပေး နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးက တပ်မ တော်မှ ကာကွယ်ဆေးထိုးလုပ်ငန်း ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်နေသည့် အခြေ အနေများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြော ကြားပြီး ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း ဧပြီလကုန်အထိ စီမံချက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ လိုအပ် သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပေးနေမှု၊ သင်္ကြန်ပွဲတော်ရုံးပိတ်ရက်ကာလ အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ် များအလိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစီမံချက်ပါ အတိုင်း ကာကွယ်ဆေးထိုးအဖွဲ့များ စုဖွဲ့၍ ထိုးနှံပြီးစီးမှုအခြေအနေများ၊ ထိုးနှံရန် ကျန်ရှိမှုအခြေ အနေများ၊ ရာနှုန်းပြည့်ထိုးနှံပြီးသည့် မြို့နယ်အခြေအနေများနှင့် ထပ်မံထိုးနှံနိုင်ရေး စည်းရုံးဆောင် ရွက်သွားမည့်အစီအစဉ်များ၊ နယ်လှည့်ကွင်းဆင်းအဖွဲ့များဖြင့် ထိုးနှံပေးသွားမည့် အစီအမံများ၊ တောင်ပေါ်ဒေသများတွင် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ်ငန်းကို ရာနှုန်းပြည့် အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။