ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၆၃ ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ဧပြီလကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၆၃ ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ဧပြီလကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဧပြီ ၆

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၆၃ ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ဧပြီလကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်ကော်မတီများ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း အသက် (၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ (၉)သိန်းကျော်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၆၃.၂၀ ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်ပြီး ကျန်ရှိနေသည့် ပြည်သူများအား သတ်မှတ်ချိန်အမီ အပြီးထိုးနှံနိုင်ရေး အခက်အခဲ၊ အကြပ်အတည်း၊ အားနည်းချက်များကို မိမိတို့အစိုးရအဖွဲ့နှင့်အတူတကွ ညှိနှိုင်းပေါင်းစပ်၍ ရာနှုန်း ပြည့်ထိုးနှံနိုင်ရေး စီမံဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးက ကချင်ပြည်နယ် အတွင်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးရေးနှင့် စပ်လျဉ်း၍ ပြည်သူ များအား ကာကွယ်ဆေးထိုးလုပ်ငန်းအပြင် အသိပညာပေး နှိုးဆော်တိုက်တွန်းခြင်းလုပ်ငန်းများပါ ပူးတွဲဆောင်ရွက်နိုင်ရေး၊ တပ်မတော်မှ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ကော်မတီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ပြည်နယ် အတွင်း ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးလုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အကျုံးဝင်သူဦးရေ နှင့်ကာကွယ်ဆေးလက်ခံရရှိမှု လုံလောက်လျက်ရှိသည့်အခြေအနေများ၊ ခရိုင်အလိုက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု/ ထိုးနှံရန်ကျန်ရှိသည့် အခြေအနေများ၊ သတ်မှတ်ချိန်အမီ ကာကွယ်ဆေး ထိုးလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ကြုံရနိုင်သည့် အခက်အခဲများနှင့် အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

          ထို့နောက် တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံံပြန်ရေးကော်မတီဥက္ကဋ္ဌများက ဆေးထိုးရန်ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများအလိုက် ကျန်း မာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ စုဖွဲ့၍ နေရာအရောက် နယ်လှည့်ထိုးနှံနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင်ပေါ်ဒေသများနှင့် လုံခြုံရေးအခြေအနေအရ ဆောင်ရွက်ရန် ခက်ခဲသည့် ဒေသ အခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းမှူးက ဖြည့်စွက်သုံးသပ်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ် က အခက်အခဲ၊ လိုအပ်ချက်များအပေါ် ဒေသဆိုင်ရာအသင်းအဖွဲ့အသီးသီးနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ ဖြည့်ဆည်း‌ဆောင်ရွက် ပေးနိုင်ရေးတို့အတွက် ပေါင်းစပ်ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။