ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးမြှင့် ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးမြှင့် ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၂၃

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် သိသာစွာ မြင့်တက်လာခြင်း၊ လျော့ကျသွားခြင်းမရှိဘဲ တန့်နေသည့်အနေ အထားတွင်ရှိနေသည့်အတွက် ရောဂါပိုးကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်လျော့ချနိုင်ရေး စစ်ဆေးမှုနှင့် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် တင်းကြပ်စွာ တိုးမြှင့်လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ချနိုင်ရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို အချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ခရိုင်၊ နှင့် မြို့နယ်များအလိုက် ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိသော ဒေသများအပေါ် စစ်ဆေးကုသမှုအခြေအနေများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပြီး တပ်မတော် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ဆပ်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးကုသ မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကျေးရွာများတွင် ရောဂါကူးစက်ပျံ့ပွားမှုအပေါ် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ စုဆောင်းဖြန့်ဝေသုံးစွဲ မှုနှင့် ကျန်ရှိမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

          တင်ပြဆွေး‌နွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် စစ်ဆေးမှု လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စုများအလိုက် တင်းကြပ်စွာတိုးမြှင့်လုပ်ဆောင်သွားရေးတို့နှင့် စပ်လျဉ်း ၍ ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင်များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်၍ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။