ကချင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြစ်ကြီးနားမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိ

 ကချင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြစ်ကြီးနားမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိ

မြစ်ကြီးနား     အောက်တိုဘာ ၂၂

          ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိခဲ့သည်။

          တပ်မတော်လေယာဉ်ဖြင့် လာ‌ရောက်ပို့ဆောင်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်နှင့် ဝန်ထမ်းများက ရောက်ရှိ လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အလုံးရေ ၇၁၂၀ လုံး၊ ထိုးနှံပေးနိုင်သည့် လူဦးရေ စုစုပေါင်း ၃၅၆၀၀ တို့အတွက် စစ်ဆေး၍ လွှဲပြောင်းလက်ခံရယူခဲ့ကြသည်။

          ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို နိုင်ငံတော်အစီအစဉ်အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည် နယ်ခွဲနှင့် ပေါင်ဆန်းပြည်နယ်ခွဲမှ လှူဒါန်းမှုနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ၏ အစီအစဉ်များဖြင့် အောက်တိုဘာ ၂၀ ရက်နေ့အထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၃၁၇၄၄၈ ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးစီးသူဦးရေ ၁၃၅၇၃၇ ဦး ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။