ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအတွက် မီးဘေး ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်အားပေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအတွက် မီးဘေး ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဧပြီ ၁

          ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲကို ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မီးသတ်ဦးစီးဌာန အနေဖြင့် ယခုလို နိုင်ငံဝန်ထမ်းအချင်းချင်း အားပေးကူညီပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပေးခြင်း၊ မီးငြိမ်းသတ်သရုပ်ပြခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသကဲ့သို့ ပြည်သူ များ၏ အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးဖြစ်ပေါ်လာပါက ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ရသူများဖြစ်ပါကြောင်း၊ ထို့ကြောင့် မီးတပ်တပ်ဖွဲ့ ဝင်များအနေဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်အကောင်းဆုံးကြိုးစားထမ်းဆောင်သွား ကြရန်လိုအပ်ကြောင်းနှင့် မိမိတို့ကောင်စီအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်းနှင့် မြစ်ကြီးနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် မီးသတ် ဆေးဗူးများ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအတွက် မီးသတ်ဆေးဗူးများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက မီးသတ်ဦးစီးဌာန၏ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ က မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးသတ်ဆေးဗူးကို အသုံးပြုမီးငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို အရေး ပေါ်ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြကြရာ ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများက လက်တွေ့ငြိမ်းသတ်ပြသခဲ့ကြသည်။