ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရပ်ကွက်/ကျေးရွာတည်နေရာ(Point)များ ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

 ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရပ်ကွက်/ကျေးရွာတည်နေရာ(Point)များ ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

မြစ်ကြီးနား     ဇူလိုင် ၂၅

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း နှင့် ရပ်ကွက်/ကျေးရွာတည်နေရာ (Point)များ ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

          သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ စဉ်ဆက်မပြတ် ရရှိနိုင်ရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သန်းခေါင်စာရင်းများကို ကောက်ယူရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းအတွက် ယနေ့ ဖွင့်လှစ်သည့် ရပ်ကွက်/ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်းမှ ပို့ချမှုများကို သင်တန်းတက်ရောက်ကြမည့် လဝကဝန်ထမ်းများအနေ ဖြင့် အလေးအနက်ထားသင်ယူကြပြီး နိုင်ငံတော်အဆင့်စီမံချက်တစ်ခုအဖြစ် အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အစွမ်းကုန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် ဦးစီးမှူးထံ ရပ်ကွက်/ ကျေးရွာတည်နေရာ (Point)များ ကောက်ယူနိုင်ရန်အတွက် Tablet အလုံးရေ (၆၀)ကို ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

          အဆိုပါ သင်တန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ် (၈)ရပ်အနက် လုပ်ငန်းစဉ် (၅)ရပ်ဖြစ်သည့် အခြေခံဒေသစာရင်း ပြုစုခြင်း၊ သန်းခေါင်စာရင်း ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်း လုပ်ငန်းအသေးစိတ် စီမံချက်ရေးဆွဲခြင်း၊ GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်း ကောက်ကွက်များ ဖွဲ့စည်းခြင်း၊ မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များပြုစုခြင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ယနေ့ သင်တန်းတွင် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက် များဖွဲ့စည်းခြင်း လုပ်ဆောင်ရမည့် အပိုင်းမှ ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များကို ယနေ့ ဖြန့်ဝေပေးအပ်သည့် Tablet များဖြင့် ကောက်ယူနိုင်ရေး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။