ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ အေရိုးဗစ်ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ပေး

 ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ အေရိုးဗစ်ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား     စက်တင်ဘာ ၁၆

          ကခငွပြှညနြယအြားကစားနှင့ကြာယပညာဦးစီးဌာနအနဖှငေ့ြ တိုငြးဒသကှေီး၊ ပှညနြယြ အရေိုးဗဈပှိုငပြှဲတှငြ ဆုတံဆိပနြှင့ြ တံခှနစြိုကဒြိုငြးဆုရှိရးအတှကြ ကှိုတငပြှငဆြငသြည့အြနဖှငေ့ြ  ပှညနြယအြတှငြးရှိ ခရိုငြ ၃ ခုမှ ကစားသမားပါဝငသြည့ြ ၂၀၂၁ ခုနှဈ အရေိုးဗဈကွှမြးကငွမြှုသငြ တနြးကို စကတြငဘြာ ၁၆ ရကြ မှနြးလှဲ ၁ နာရီတှငြ ပှညနြယအြားကစားနှင့ြ ကာယပညာဦးစီး ဌာန၏ ကရာတေးခနြးမဆောငြ၌ ကငွြးပပှုလုပသြညြ။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက  ယနေ့ သင်တန်းတက်ရောက်ကြမည့် သင်တန်းသူ များအနေဖြင့် အေရိုးဗစ်အားကစားနည်း၏ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့် ကစားကွက်များ ကို နည်းလည်သဘောက်ပေါက်အောင် ကျိုးစားသင်ယူကြစေလိုကြောင်း၊ ပြည်နယ်၏ အမျိုးသမီး အားကစားဖြစ်သည့် အေရိုးဗစ်အားကစားအဆင့် တိုးတက်မြင့်မား၍ ပိုမိုအောင်မြင်လာစေရေး  ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် သင်တန်းနည်းပြဆရာမ ဒေါ်အဲလစ်သန်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သင်တန်းသူများမှ ခရိုင်အလိုက် အေရိုးဗစ်အားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော် မတီဥက္ကဋ္ဌ ဒေါ်နန်းစိန်အေးက အေရိုးဗစ်အားကစားဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          အဆိုပါ သင်တန်းကို ပြည်နယ်အတွင်းရှိ ခရိုင် (၄)ခရိုင်မှ သင်တန်းသူ ၆၀ ဦးတို့အား စက်တင်ဘာ ၁၆ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ၁ လကြာဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။