မြစ်ကြီးနား သြဂုတ် ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ငြိမ်းချမ်းရေး၊ လူမှုစီးပွားနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မြစ်ကြီးနားနိုင်ငံတကာဖိုရမ် (၂၀၂၆)ကို နိုဝင်ဘာလအတွင်း ခမ်းနားထည်ဝါစွာဖြင့် ကျင်းပပြုလုပ်သွားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ နံနက်ပိုင်းတွင် ကျင်းပရေး လုပ်ငန်းဆပ်ကော်မတီ ဆွေးနွေးပွဲမှသိရသည်။
အဆိုပါ ငြိမ်းချမ်းရေး၊ လူမှုစီးပွားနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မြစ်ကြီးနားနိုင်ငံတကာဖိုရမ်-၂၀၂၆ (Myitkyina International Forum on Peace, Socio-Economic and Sustainable Development (MIFPSSD 2026)သည် “ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှသည် အမျိုးသားငြိမ်းချမ်းရေးနှင့် လူမှုစီးပွားသာယာဝပြောရေးဆီသို့” ဆောင်ပုဒ်နှင့်အညီ လာမည့်နိုဝင်ဘာလအတွင်း (၂)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံအပြင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ပညာရှင်များပါဝင်မည်ဖြစ်ကြောင်း ကျင်းပရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြောကြားသည်။
ထို့အပြင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က ဆပ်ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်သွားရမည့် လိုအပ်ချက်များကို ပေါင်းစပ်ပေးနိုင်ရေး ဆွေးနွေးတင်ပြပြီး ကော်မတီအလိုက်တာဝန်ရှိသူများက ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအလိုက် တာဝန်ခွဲဝေမှုများအပေါ် ဆောင် ရွက်သွားမည့်အသေးစိတ် အစီအစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖိုရမ်သည် အဓိကမဏ္ဍိုင်(၅)ရပ်နှင့် သုတေသနကဏ္ဍ (၅)ခုပါဝင်ပြီး လူမှုရေးရာနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကဏ္ဍများအတွက် တိုက်ရိုက်အကျိုးပြုသည့် ပညာရေးမှတစ်ဆင့် ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုထွန်းကားရေး၊ တက္ကသိုလ်၏ သုတေသနများသည် ဒေသတွင်း MSME စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပေးခြင်း၊ AI နည်းပညာ၊ ကမ္ဘာ့ပညာရေးပူးပေါင်းဆောင်ရွက်မှုများစသည့် သုတေသနများမှတစ်ဆင့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူများကို ခေတ်မီပညာရပ်များဖြင့် လက်တွဲပေးနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာပညာရှင်များနှင့် ခိုင်မာသည့်ကွန်ရက်ကို ချိတ် ဆက်နိုင်မည်ဖြစ်ကြောင်းနှင့် ဖိုရမ်တွင် ပြပွဲ(Exhibition)ကဏ္ဍပါဝင်ပြီး ဒေသထွက်ကုန်များ၊ ရိုးရာယဉ်ကျေးမှုများကို ခင်းကျင်းပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တက္ကသိုလ်၌ ငြိမ်းချမ်းရေး၊ လူမှုစီးပွားနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မြစ်ကြီးနားနိုင်ငံတကာဖိုရမ် (၂၀၂၆)ကို နိုဝင်ဘာလအတွင်း ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ