ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ သီတင်းကျွတ်အခါသမယ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် အပန်းဖြေပန်းခြံတို့တွင် လူအများဖြင့် စည်ကား

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ သီတင်းကျွတ်အခါသမယ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် အပန်းဖြေပန်းခြံတို့တွင် လူအများဖြင့် စည်ကား

မြစ်ကြီးနား     အောက်တိုဘာ ၂၁

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အပါ အဝင် သီတင်းကျွတ်ရုံးပိတ်ရက်များတွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများ၊ အပန်းဖြေပန်းခြံများတွင် ရောင်စုံမီးအလှများထွန်းညှိ၍ လူအများဖြင့် အောက်တိုဘာ ၁၉ ရက်နှင့်  ၂၀ ရက်တို့တွင် အေးချမ်းစွာ စည်းကားသိုက်မြိုက်လျက်ရှိသည်။

          မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်၊ သကျမာရဇိန်အံတော်ရှင်စေတီ တော်နှင့် ပမ္မတီးရပ်ကွက်ရှိ  အောင်ဇေရန်အောင်စေတီတော်တို့တွင် သီတင်းကျွတ်လပြည့်နေ့ ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးစံများနှင့်အညီ ဆီမီးပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်းများကို ဒေသခံပြည်သူများ အများအပြား လာရောက်ကုသိုလ်ကောင်းမှုပြုခဲ့ကြပြီး အဆိုပါ စေတီပုထိုးများ တွင် ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မိခင်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ ဆီမီး ၁၀၀၀ ဖြင့် ထွန်းညှိပူဇော်ခဲ့ကြသည်။

          အလားတူ မြစ်ကြီးနားမြို့၌ အများပြည်သူအပန်းဖြေနေရာတစ်ခုဖြစ်သည့် ဧရာဦးပန်းခြံနှင့် ပြည်သူ့ရင်ပြင်တွင် ရောင်စုံ LED မီးများ အလှဆင်ဆောင်ရွက်ထားမှုကို အများပြည်သူများ ပျော် ရွှင်စွာ လာရောက်အပန်းဖြေလျက်ရှိရာ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပျော်ရွှင်နိုင်ရေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်း၊ လက်ဆေးဘေဆင် များ ထားရှိဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။