ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပရဟိတဘာသာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာ(၄၂)ခုတို့အတွက် အခြေခံစားသောက်ကုန်၊ဆေးဝါးများထောက်ပံ့ခြင်းနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားနိုင်ရေး ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပရဟိတဘာသာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာ(၄၂)ခုတို့အတွက် အခြေခံစားသောက်ကုန်၊ဆေးဝါးများထောက်ပံ့ခြင်းနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားနိုင်ရေး ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၂၀

          ကချင်ပြည်နယ်စီမံ့အုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းမြင့်မားလာသည့် အတွက် Stay at Home အစီအစဉ်တွင် မြစ်ကြီးနားမြို့နယ်အား ပါဝင်လာပြီးနောက် မြို့နယ်အတွင်းရှိ စားသောက်မှုအခက်အခဲရှိသော ပရဟိတဘာသာရေးကျောင်း(၃၄)ကျောင်းနှင့် မိဘမဲ့ဂေဟာ (၈)ခုတို့ အတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုဗစ် – ၁၉ အတည်ပြုလူနာများအား သီးသန့်ထားရှိနိုင်ရေးအတွက်နေရာများ ပြင်ဆင်ဆောင်ရွက်နိုင်ရေး ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မ တော်အရာရှိကြီးများက ကချင်ပြည်နယ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကြို တင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ အောက်ဆီဂျင်လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး၊ ပြည်သူများအား အသိပညာပေး နှိုးဆော်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ Quarantine Centre များနှင့် Isolation Centre များကို မြို့နယ်များအလိုက် တိုးချဲ့ပြင်ဆင်ထားရှိနိုင်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူး၊ ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက မြေမြင့်ဘုန်းတော်ကြီးကျောင်း၌ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညို ခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး လျှောက်ထားတင်ပြကာ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ စားသုံးဆီ၊ ငါးသေတ္တာဘူး၊ ကြက်ဥများနှင့် နှာခေါင်းစည်း Mask များ၊ ဆေးဝါးများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူးနှင့် အဖွဲ့ဝင်များသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအား ကစားခန်းမဆောင်သို့ သွားရောက်ပြီး ကိုဗစ် – ၁၉ ရောဂါအတည်ပြုလူနာများအား သီးသန့်ထားစောင့် ကြည့်နိုင်ရေးအတွက် တိုးချဲ့လူနာဆောင်အဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ပြင်ဆင်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် အောင်နန်းရပ်ကွက် စိန်ကိုလန်ဘန်ကသီဒြယ် RC ဘုရားကျောင်းသို့ သွားရောက်ပြီး ဘုန်းတော်ကြီးများနှင့် တွေ့ဆုံအားပေးကာ အသင်းတော်အတွက် အခြေခံစားသောက်ကုန်များနှင့် ဆေး ဝါးများ၊ နှာခေါင်းစည်း Mask များကိုလည်းကောင်း၊ ထိုမှတစ်ဆင့် ကျွန်ပင်သာရပ်ကွက် ပရဟိတ ဘုရားကြီးကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်နှင့် ပရိဟိတကျောင်းအတွင်းရှိ ကျောင်းသား/သူများ အတွက်လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ဆက်လက်၍ မန်ခိန်ရပ်ကွက်ရှိ မေတ္တာရိပ်မြုံ မိဘမဲ့ဂေဟာအတွင်းရှိ ဆရာ၊ ဆရာမများနှင့် ကလေးငယ်(၁၀၉)ဦးတို့အတွက် လည်းကောင်း၊ စီတာပူရပ်ကွက် Grace Happy Land မိဘမဲ့ကျောင်း၌ လည်းကောင်း ကလေးငယ်များနှင့် ဆရာ၊ ဆရာမများအား အားပေးစကားပြောကြားပြီး အခြေခံစား သောက်ကုန်များနှင့် ဆေးဝါးများ၊ နှာခေါင်းစည်း(Mask)များနှင့် ထောက်ပံ့ငွေများကို‌ ပေးအပ်ခဲ့ကြသည်။

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့ပြားမှုများပြားလာပြီး မြစ်ကြီးနားမြို့နယ်သည် Stay At Home အစီအစဉ်တွင် ပါဝင်လာသည့်အတွက် မြို့နယ်အတွင်းရှိ စားသောက်ရေးအခက်အခဲရှိသော ပရဟိတဘာသာရေးကျောင်းများနှင့်မိဘမဲ့ဂေဟာများ စာရင်းကောက် ယူ၍ ဘာသာရေးကျောင်း(၃၄)ကျောင်းနှင့် မိဘမဲ့ဂေဟာ (၈)ခု တို့အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ကျောင်းများအား ရပ်ကွက်/ ကျေးရွာများအလိုက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          အလားတူ ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည် နယ်ကောင်စီအဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် နယ်မြေ (၄)အတွင်း၌ IDPs စခန်း (၃) ခုမှ အိမ်ထောင်စုများနှင့် စီတာပူရပ်ကွက် ဆွတ်ငိုင်တောင် IDPs စခန်းတို့ရှိ အိမ်ထောင်စုများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံပြီး အိမ်ထောင်စုများမှ လိုအပ်ချက်တင်ပြထားမှုများအပေါ် ဖြည့်ဆည်းပေးနေမှုအခြေအနေ တို့ကိုရှင်းလင်းပြောကြားကာအိမ်ထောင်စုများအတွက် ဆန်အိတ်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက် ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။