မြန်မာ-တရုတ် ကုန်စည်တင်/ ပို့လျက်ရှိသည့် မော်တော်ယာဉ်အစီး‌ရေ တိုးမြှင့်သတ်မှတ်နိုင်ရေး နှင့် စနစ်တကျတင်ပို့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 မြန်မာ-တရုတ် ကုန်စည်တင်/ ပို့လျက်ရှိသည့် မော်တော်ယာဉ်အစီး‌ရေ တိုးမြှင့်သတ်မှတ်နိုင်ရေး နှင့် စနစ်တကျတင်ပို့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၂၂

          ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ပြည်သူသမ္မတနိုင်ငံ နှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မော်တော်ယာဉ်အစီးရေ တိုးမြှင့် သတ်မှတ်နိုင်ရေးနှင့် မော်တော်ယာဉ်များ စနစ်တကျတင်ပို့နိုင်ရေးအတွက် မြန်မာ-တရုတ်ကုန် စည်ပြန်လည်စီးဆင်းနိုင်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၂ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နိုင်ရေး အတွက် ကြိုးပမ်းညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပြန်လည် ဆောင်ရွက်လျက်ရှိသော်လည်း တရုတ်နိုင်ငံဘက်သို့ ကုန်စည်တင်ပို့လျက်ရှိသည့် မော်တော်ယာဉ် များအား ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ပြီး စည်းကမ်းတကျဖြင့် ကုန်စည်တင်ပို့နိုင်ရေးအတွက် ပြည်နယ်ကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရေး တိုက် တွန်းပြောကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံများ၊ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ် သူများအသင်း တာဝန်ရှိသူများက လတ်တလော ကာလအတွင်း ကုန်စည်တင်ပို့မှုအခြေအနေများ၊ နှစ်နိုင်ငံညှိနှိုင်းထားသည့်အတိုင်း ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအဝင် ကုန်စည် များအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရှာဖွေခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊  တစ်သျှူးငှက်ပျော အပါအဝင် စိုက်ပျိုးထုတ်ကုန်များ တင်ပို့ရာတွင် အချိန်မီ တင်ပို့နိုင်ရေးနှင့် သတ်မှတ်ယာဉ်အစီးရေ တိုးမြှင့်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မော်တော်ယာဉ်များ စနစ်တကျ စည်းကမ်းရှိစွာဖြင့် ကုန်စည်တင်/ပို့နိုင်ရေးအတွက် ကြပ်မတ်ထိန်းချုပ်ဆောင်ရွက်သွားမည့် အစီ အမံများကိုညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။