(၇၆)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီဘဏ်လီမိတက်၏ (၆၆)ခုမြောက် ဘဏ်ခွဲ မြဝတီဘဏ်(မြစ်ကြီးနား)ဘဏ်ခွဲကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက် ဖွင့်လှစ်ပေး

 (၇၆)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီဘဏ်လီမိတက်၏ (၆၆)ခုမြောက် ဘဏ်ခွဲ မြဝတီဘဏ်(မြစ်ကြီးနား)ဘဏ်ခွဲကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက် ဖွင့်လှစ်ပေး

မြစ်ကြီးနား မတ် ၂၄ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီဘဏ်လီမိတက်၏ (၆၆)ခု မြောက် ဘဏ်ခွဲဖြစ်သည့် မြဝတီဘဏ်(မြစ်ကြီးနား)ဘဏ်ခွဲဖွင့်ပွဲကို မတ် ၂၄ ရက် နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အဆိုပါ ဘဏ်ခွဲအဆောက်အအုံသစ်ရှေ့ ၌ ပြုလုပ်ကျင်းပသည်။ မြဝတီဘဏ် (မြစ်ကြီးနား)ဘဏ်ခွဲဖွင့်ပွဲသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန် နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဘဏ်ခွဲအဆောက်အဦ သစ်ကို ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြဝတီဘဏ် (မြစ်ကြီးနား)ဘဏ်ခွဲတာဝန်ခံဦးအောင်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘဏ်ခွဲ၏ကမ္ပည်းမော် ကွန်းအား အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး ဘဏ်ခွဲအတွင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင် မည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ မြဝတီဘဏ်(မြစ်ကြီးနား)ဘဏ်ခွဲအနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့် ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် ဝန်ဆောင်မှုအနေဖြင့် စာရင်း ရှင်အပ်ငွေများ၊ ငွေဘဏ်အပ်ငွေများ၊ စာရင်းသေအပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ်ပညာသင်ဆု ဝန်ဆောင်မှုအပ်ငွေများ၊ ATM ကတ်စာရင်းအပ်ငွေများလက်ခံခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လို အပ်သောရင်းနှီးငွေများအတွက် မရွှေ့ပြောင်းနိုင်သော မြေနှင့်အဆောက်အအုံများကို အာမခံအဖြစ်ရယူ ၍ချေးငွေများ ထုတ်ချေးခြင်း၊ မြဝတီဘဏ်ခွဲအသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေးဘဏ် နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန်ငွေလွှဲပေးပို့နိုင်ခြင်းများအပါအဝင် Modern Banking အနေဖြင့် Mobile Banking နှင့် Internet Banking ဆိုင်ရာဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။