ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ငွေပျော်စံပြကျေးရွာနေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်

 ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ငွေပျော်စံပြကျေးရွာနေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်

မြစ်ကြီးနား မတ် ၂၂

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်းနယ်မြေအခြေအနေ အရ နေရပ်စွန့်ခွာပြည်သူများအတွက် ပြန်လည်ထူထောင်ရေးစခန်းတစ်ခုဖြစ်သည့် ငွေပျော်စံပြကျေးရွာ နေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်ပွဲကို မတ် ၂၂ ရက် နံနက် ၁၀ နာရီခွဲ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါးဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ဆန်အိတ်များထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ငွေပျော်စံပြကျေးရွာနေပြည်သူများအား ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ကာလ တွင် နေရပ်ကိုစွန့်ခွာလာခဲ့ပြီး ယခုလို အခြေချနေထိုင်ရန် ကြိုးစားနေချိန်တွင် မိမိတို့ရပ်ရွာကို တည်ငြိမ် အေးချမ်းမှုရှိအောင် မိမိတို့ကောင်စီအဖွဲ့အနေဖြင့် အတူလက်တွဲပြီး တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် ကြားကာလအတွင်း စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း ပြည်သူများအတွက် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ရပ်ရွာတာဝန်ရှိသူများအနေဖြင့် နယ်မြေတည်ငြိမ်အေး ချမ်းမှုရှိစေရေးနှင့် ရပ်ရွာအတွက် လိုအပ်သည်များကို ဝိုင်းဝန်းကြိုးစားပြီး လက်တွဲဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း အားပေးပြောကြားသည်။ ထို့နောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်လင်း အောင်၊ ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးတို့က ငွေပျော်စံပြကျေးရွာနေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ် (၂၀၀)ကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ ကျေးရွာနေပြည် သူများကလက်ခံရယူခဲ့ကြပြီး ကျေးရွာနေပြည်သူများကိုယ်စားဦးသောင်းဆာက ကျေးရွာအတွက်လိုအပ် ချက်များနှင့် ထောက်ပံ့ပေးအပ်မှုအတွက် ကျေးဇူးတင်စကားကို ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌက ကျေးရွာအတွင်း အိမ်သုံးမီတာရရှိရေး၊ နိုင်ငံသားမှတ်ပုံ တင်ရရှိရေး၊ ကျေးရွာအတွင်း မိုးတွင်းရေဝပ်မှုအခြေအနေနှင့် ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များ အပေါ် ဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြား ကာ ပြည်သူများနှင့်အတူ နံနက်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။