ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့အတွင်း ကုန်စည်စီးဆင်းမှုနှင့် ကုန်တင်ကုန်ချလုပ်ငန်းများစနစ်တကျရှိစေရေးနှင့် မြို့တွင်း အဓိကလမ်းမများ တိုးချဲ့ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့အတွင်း ကုန်စည်စီးဆင်းမှုနှင့် ကုန်တင်ကုန်ချလုပ်ငန်းများစနစ်တကျရှိစေရေးနှင့် မြို့တွင်း အဓိကလမ်းမများ တိုးချဲ့ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၅

           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်း၌ ကုန်တင်ယာဉ်ကြီးများ ဝင်/ထွက်သွားလာမှု လျော့ ချနိုင်ရေး၊ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းအတွင်း ကုန်တင်ကုန်ချခြင်းနှင့် သယ်ယူပို့ဆောင်‌ ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်‌နိုင်ရေးအတွက် လိုအပ်သည်များနှင့် မြို့တွင်း အဓိကကျ သည့် လမ်းမကြီးများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မလိခခန်းမ၌ ကုန်တင်ကုန်ချစခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြစ်ကြီးနားမြို့တွင်း လမ်းများပျက်စီမှုမရှိစေ‌ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကုန်တင်ကားကြီးများကို သတ် မှတ်လမ်းကြောင်းများအတိုင်း ကုန်တင်ကုန်ချစခန်း၌သာ ကုန်တင်ကုန်ချခြင်းလုပ်ငန်းများဆောင် ရွက်စေပြီး ကုန်တင်ကုန်ချစခန်းမှ တစ်ဆင့် မြို့တွင်းသို့ ကားငယ်များဖြင့် စနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေးနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ကုန်တင်ကုန်ချစခန်း အတွင်း ဖြည့်ဆည်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့် အတူ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းသို့ သွားရောက်ပြီး ကုန်တင်ကုန်ချစခန်းအတွင်း ဂိုထောင်အဆောက်အဦများ၊ လူနေဆိုင်ခန်းများ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့် ကုန်တင်ကုန် ချကွင်းအနီး ရပ်ကွက်ပျံကျဈေးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကုန်တင်ကုန်ချကွင်းအတွင်း ရှိ မြေကွက်လပ်များတွင် Open Shelter များ တည်ဆောက်သွားရေး၊ လုံခြုံရေးအတွက် ခြံစည်းရိုး အကာအရံများ စနစ်တကျဖြစ်စေရေးနှင့် မြစ်ကြီးနားမြို့တွင်းသို့ ဝင်/ထွက်သွားလာနေသည့် ကုန် တင်ယာဉ်ကြီးများ၏ ကုန်စည်ချမှုရပ်နားမှုအခြေအနေတို့ကို စိစစ်တင်ပြရေးနှင့် ပျံကျဈေးသန့် ရှင်းသပ်ရပ်မှုရှိစေရေး စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ထို့နောက် ကုန်တင်ကုန်ချစခန်းဝင်ရောက်သည့် ဆိမ်ဆာ့လမ်း၊ ဘွမ်ဘင်လမ်းနှင့် ဒူဝါဇော် ရစ်လမ်းဆုံနေရာနှင့် ဆိမ်ဆာ့လမ်းအား ကုန်တင်ကုန်ချကားဝင်းအထိ လမ်းသားတိုးချဲ့ဆောင် ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ရှောင်ကွင်းလမ်းမကြီးအတွင်း လမ်းကျဉ်းမြောင်းသည့်နေရာ၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းအနေအထားမှန်ကန်ရေး လမ်းဧရိယာတိုးချဲ့ဆောင်ရွက်သွားနိုင်ရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။