admin

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်စုံအားကစကားပြိုင်ပွဲများပြန်လည်ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၂၉           ကချင်ပြည်နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ဘက်စုံအားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပပြုလုပ်ငန်းနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လူငယ်လူရွယ်များအတွက် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်လာစေရန်အတွက် အားကစား ကဏ္ဍသည် အရေးကြီးပါကြောင်း၊ အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကလည်း လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားပြိုင်ပွဲ များကို ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များအလိုက် ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး မိမိတို့ ကောင်စီအနေဖြင့် လိုအပ်သည်များကို အပြည့်အဝပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မှာကြားသည်။           ယင်းနောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက (၂၁)နှစ် အောက်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုဒေသအတွင်း ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ပူတာအို         ဧပြီ ၂၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုဒေသ အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဧပြီ ၂၇ ရက်တွင် နံနက်ပိုင်းမှ စ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် ပူတာအိုတပ် နယ် ၂၅ ကုတင်ဆံ့တပ်မတော်ဆေးရုံသို့ သွားရောက်ပြီး တပ်မှူး၊ ဆရာဝန်/သူနာပြုများနှင့် တွေ့ဆုံကာ ပြည်နယ်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများ CDM ဆောင်ရွက်နေကြသဖြင့် တပ်မတော်မှ ပြည်သူများအတွက်ဆေးဝါးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကျေးဇူး တင်ရှိကြောင်း၊ ဆေးဝါးပစ္စည်းများ လုံလောက်မှုရှိစေရေးအတွက် လိုအပ်သည့်အကူအညီများကို အမြန်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားပြီး တပ်မတော်ဆေးရုံအတွက် ဆေးပဒေသ ပင်ထောက်ပံ့ငွေကျပ် (၂၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။           ထိုမှတစ်ဆင့်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုနှင့် မချမ်းဘောမြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲများပြုလုပ်

ပူတာအို         ဧပြီ ၂၇           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၆ ရက်တွင် ပူတာအိုခရိုင်၊ ပူတာမြို့သို့ လေကြောင်းဖြင့် သွားရောက်ခဲ့ကြပြီး ခရီးစဉ်အတွင်း ပူတာအိုနှင့် မချမ်းဘော မြို့နယ်များအတွင်း ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုး တက်ရေး၊ တည်ငြိမ်အေးချမ်းမှုရှိစေရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးလူငယ်သင်တန်းကျောင်းတွင် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ သို့ တက်ရောက်ပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို တရားဝင်ထုတ်ပြန်ကြေညာထားပြီး ဆောင်ရွက်လျက်ရှိသည့် အခြေ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဉစိုက်ပျိုးနည်းပညာပေးခြင်းနှင့် ကွင်းသရုပ်ပြစိုက်ပျိုးပွဲသို့ တောင်သူများနှင့်အတူ တက်ရောက်စိုက်ပျိုးပေး

မြစ်ကြီးနား     ဧပြီ ၂၂           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို ခေတ်မီနည်း စနစ်ဖြင့်ထုတ်လုပ်ပြီး စီးပွားရေးကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက် ဧပြီ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း၌ တောင်သူများအတွက် ဝဉစိုက်ပျိုး နည်းပညာပေးခြင်းနှင့် ကွင်းသရုပ်ပြစိုက်ပျိုးပွဲသို့  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တက် ရောက်အားပေးခဲ့သည်။           ဝဉစိုက်ပျိုးရေးနည်းပညာပေးခြင်းသင်တန်းဖွင့်ပွဲတွင် ဝဉစိုက်ပျိုးမည့်တောင်သူများအား ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ကချင်ပြည်နယ်သည် တောတောင်ရေမြေ သဘာဝမြစ်ချောင်းများ အလွန်ပေါများပြီး စိုက်ပျိုးရေးအတွက် ဖြစ်ထွန်းအောင်မြင်နိုင်သည့် သဘာဝ ရာသီဥတု၊ မြေဆီမြေသြဇာထက်သန်သော မြေဆီလွှာပေါများသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ဖြန့်ဝေလိုက်သည့် ဝဥမျိုးများသည် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့ နိုင်မည့် အခွင့်အလမ်းများစွာရှိနေသည့်အတွက် တစ်နှစ်ထက်တစ်နှစ်စိုက်ဧရိယာများတိုးချဲ့ပြီး ဝဥပိုမို ထုတ်လုပ်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအတွက် ဖွင့်လှစ် ပို့ချပေးခဲ့သော စွမ်းဆောင်ရည်မြှင့်သင်တန်းများဆင်းပွဲကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၂၁           ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား လာစေရေးအပြင် အသိပညာအတတ်ပညာများ တိုးတက်မြင့်မားလာစေရေးအတွက် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခဲ့ရာ ဧပြီ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကွန်ပျူတာစွမ်းရည်မြင့်မားရေးသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း နှင့် Body Fitness သင်တန်းများ ဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။           သင်တန်းများဆင်းပွဲအခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က ဝန်ထမ်းများအနေဖြင့် ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းများ တက်ရောက်ခဲ့ပြီး သင်တန်းများတွင် သင်ကြားခဲ့သည့် ဘာသာရပ်များအား လုပ်ငန်းခွင်တွင်သာမက လုပ်ငန်းခွင်ပြင်ပတွင်လည်း စဉ်ဆက်မပြတ် လေ့ကျင့်အားထုတ်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ဒါ့အပြင် ယခုလို ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။          …

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း(၁၇)ခုမှ အိမ်ထောင်စု (၂၁၄၁)စုတို့အတွက် ဆန်အိတ်နှင့့်ငွေများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဧပြီ ၂၀           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၁၇)ခုတို့မှ  နေရပ်စွန့်ခွာအိမ်ထောင်စု (၂၁၄၁)စုတို့အတွက် ဆန်အိတ်များနှင့် ထောက်ပံ့ ငွေများကို ဧပြီ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း၊ တေဇခန်းမ၌ ထောက်ပံ့ပေးအပ်သည်။           ထောက်ပံ့ပေးအပ်ရာတွင်  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကောင်စီအနေဖြင့် နိုင်ငံရေးအပြောင်းအလဲကာလတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအောင် ဆောင် ရွက်နေသကဲ့သို့ နေရပ်စွန့်ခွာပြည်သူများကိုလည်း အတတ်နိုင်ဆုံးကူညီစောင့်ရှောက်ပေးရခြင်းဖြစ်ပါ ကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား ကူညီစောင့်ရှောက်ရေးနှင့် နေရပ်ပြန်လည်နေထိုင်ရေးကို လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် ယခုလို ထောက်ပံ့ပေးသကဲ့သို့ ပြည်သူများ၏ ဘဝတည်ငြိမ်အေးချမ်းမှုရှိစွာနေထိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိတို့နှင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း…

Read More

မြစ်ကြီးနားမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် တရားတော်နာယူပွဲများ ကျင်းပ

မြစ်ကြီးနား    ဧပြီ(၁၇)           မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နှစ်စဉ်မပျက် ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားမြို့၌ ဧပြီ ၁၇ ရက် (၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်ပွဲကို ဇော်ဂျွန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ် ကမ်းပါး၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရွှေဝါငါးကြင်းနှင့် ငါးခုံး မကြီး ငါးသားပေါက်ကောင်ရေ (၂၂၀၀၀၀)ကျော်တို့ကို ဧရာဝတီမြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် လွှတ်ပေးကြသည်။           ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သာသနာ့ဗိမ္ဗာန် တော်၌ ကျင်းပသည့်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ မဟာသင်္ကြန်ပွဲတော်အကျနေ့ ဝန်ထမ်းမိသားစုသင်္ကြန်ပွဲတော်ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၁၄           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝင်း အတွင်း မြန်မာ့ရိုးရာမိသားစုသင်္ကြန်ပွဲတော်ကို ဝန်ထမ်းမိသားစုမဟာသင်္ကြန်ပွဲတော်အဖြစ် ဧပြီ ၁၄ ရက်(တန်ခူးလဆန်း ၃ ရက်)မဟာသင်္ကြန်အကျနေ့တွင်ကျင်းပရာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင်အညီ ကျင်းပပြုလုပ် သည်။           မဟာသင်္ကြန်ပွဲတော်အကျနေ့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့် ၎င်းတို့၏ ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးတို့ တက်ရောက်ကြပြီး မဟာ သင်္ကြန်ပွဲတော် ယိမ်းအကအလှအဖွဲ့များက ပိတောက်လက်ဆောင်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့် လှစ်ပေးကြသည်။           ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က  မြန်မာ့ယဉ်ကျေးမှုထုံး တမ်းစဉ်လာနှင့်အညီ မဟာသင်္ကြန်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်ခွင့်မရသော်လည်း မိသားစု သင်္ကြန်အနေဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊  မဟာသင်္ကြန်ကာလတွင် နှစ်ဟောင်းက အညစ်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများအတွက် အိမ်တွင်းမှုအတတ်ပညာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဧပြီ ၁၃           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေး နှင့် အသိပညာတိုးတက်မြင့်မားလာစေရေးအတွက် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီတွင် မေခခန်းမ၌ ဝန်ထမ်းများအတွက် အိမ်တွင်းမှုအတတ်ပညာသင်တန်း ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           သင်တန်းဖွင့်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ကောင်စီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူးနှင့် နည်းပြဆရာတို့ မိတ်ဆက်တွေ့ဆုံကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရာတွင် လိုအပ်သည့် အတတ်ပညာများကို စဉ်ဆက်မပြတ်သင်ယူလေ့လာဖို့လိုအပ်သည့်အပြင် မိမိတို့ဘဝအတွက် အတတ် ပညာများကိုလည်းသင်ကြားတတ်မြောက်ဖို့လိုကြောင်း၊ ယခုလိုကာလတွင်ဝန်ထမ်းများအတွက် ကြိုး စားသင်ယူခွင့်ရအောင်သင်ကြားပေးသည့် ဆရာ၊ ဆရာမများကိုကျေးဇူးတင်ပါကြောင်း အားပေးအမှာ စကားပြောကြားသည်။…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများ ကွန်ပျူတာစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ နှင့် အင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲများသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဧပြီ ၁၂           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေး အတွက် ဖွင့်လှစ်ပို့ချပေးသည့် ကွန်ပျူတာစွမ်းရည်မြင့်မားရေးသင်တန်းဖွင့်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည် မြင့်မားရေးသင်တန်းဆင်းပွဲများသို့ ဧပြီ ၁၂ ရက်က တက်ရောက်အားပေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မေခခခန်းမ၌ ကျင်းပသော ဝန်ထမ်းများ ကွန်ပျူတာစွမ်းရည်မြင့်မားရေးသင်တန်းဖွင့်ကို နံနက် ၁၀ နာရီတွင် ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများ နှင့် မိတ်ဆက်တွေ့ဆုံကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဝန်ထမ်းများ အနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရာတွင် လိုအပ်သည့် အတတ်ပညာ များကို စဉ်ဆက်မပြတ်သင်ယူလေ့လာဖို့လိုကြောင်း၊ ယခုသင်ကြားပေးနေသည့် သင်တန်းများသည် မိမိတို့ လုပ်ငန်းတွင်သာမက လုပ်ငန်းပြင်ပတွင်ပါ အသုံးချနိုင်သည့်အတွက်…

Read More