ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
မြစ်ကြီးနား ဧပြီ ၁၆ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုရပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ သင်္ကြန်အတက်နေ့ ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပိတ်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များက ယိမ်းအကလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ဆုရယိမ်းအဖွဲ့များအား ဆုချီးမြှင့်ရာတွင် စီဒီခွေသင်္ကြန် သီချင်းနှင့် ကိုယ်ပိုင်သံစဉ်/စာသား/ ဆိုင်းဝိုင်းပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအနက် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများနှင့် နှစ်သိမ့်ဆုရယိမ်းအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီးတို့က ဆုဖလား၊…