မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး လှည့်လည်ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဧပြီ ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်) မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု များကို ပြည်နယ်အစိုးရဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများက မတ် ၃၁ ရက် ညနေပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် မြို့တော်ခန်းမရှေ့လမ်းထောင့်၌ စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်တည်ဆောက်နေမှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးနှင့် တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုကို ပြည်နယ်ဝန်ကြီးက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။ ထိုမှတစ်ဆင့် မင်းရပ်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပြည်သူ့ရင်ပြင်နှင့် အပန်းဖြေအားကစားကွင်း…