ကချင်ပြည်နယ်၏ ထူးခြားသည့်ဒေသအရင်းအမြစ်များပေါ်အခြေခံ၍ သဘာဝအခြေခံခရီးသွား လုပ်ငန်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်
မြစ်ကြီးနား မတ် ၁၅ ကချင်ပြည်နယ်အတွင်းရှိ ရေခဲတောင် အပါအဝင် ထူးခြားသည့် ဒေသအရင်းအမြစ်များပေါ် အခြေခံ၍ သဘာဝအခြေခံခရီးသွားလုပ်ငန်းကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေး ခြင်းဖြင့် အချိန်တိုအတွင်း ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း မတ် ၁၅ ရက် နံနက် ၁၀နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။ ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏သဘာဝအရင်းအမြစ်ကို အခြေခံပြီး ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ စီမံချက်ရေးဆွဲ ပြီး ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည် ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ခရီးသွားလုပ်ငန်း ကုမ္ပဏီကြီးများဖြင့်…