ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံကျောင်းမြေနေရာ အဝင်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၈ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ၌ အသစ်တည်ဆောက်ဖွင့်လှစ်သွား မည့် အားကာသိပ္ပံကျောင်းမြေနေရာနှင့် ကျောင်းအဝင်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာ (၃၀၀) ဧကခန့်ပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ အားကာသိပ္ပံကျောင်းနှင့် ကွန်ပျူတာ တက္ကသိုလ်တည်ဆောက်ရန်လျာထားခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကာသိပ္ပံအဝင်လမ်း (၁)မိုင် (၁.၄)ဖာလုံအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ကျောက်စီ Boxculvert (၆)စင်း တည် ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လိုအပ်သည်များ…