
ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ တိမ်းရှောင်လာသည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ တက္ကသိုလ်ဝင်တန်း Grade-12 ဖြေဆိုရန် Camp သွင်းထား သည့် ကျောင်းသား/ ကျောင်းသူများအား ထောက်ပံ့မှုများဆောင်ရွက်၊ မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်း သဲသောင်ပြင် ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ် တောငန်းခေါင်းကြားငှက်များ ထူးခြားစွာ လာရောက် ကျက်စားနေထိုင်မှုအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဖေဖော်ဝါရီ ၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လတ်တလောဖြစ်ပွားသည့် နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် တာလောကြီး၊ ရွှေညောင်ပင်၊ အောင်မြင်(၁)ကျေးရွာအုပ်စု များမှ နေရပ်စွန့်ခွာခေတ္တတိမ်းရှောင်လာသော ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ သွားရောက်တွေ့ဆုံထောက်ပံ့ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့သည် ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်းရှိမြန်မာနိုင်ငံလီဆူခရစ်ယာန်အသင်းဘုရားကျောင်းခန်းမ၌ မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာအုပ်စုနှင့် ခေါင်ဖူးရွာသစ်ကျေးရွာအုပ်စုတို့မှ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များ ကြောင့် ခေတ္တတိမ်းရှောင်လာသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလော နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များ ကြောင့် နေရပ်ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသော မိသားစုများအား မိမိတို့အနေဖြင့်…