ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂

          ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဌာနဆိုင်ရာညွန့်ပေါင်းဘောလုံး အသင်းနှင့် ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ အား ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘောလုံးပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပြီး ဌာနဆိုင်ရာညွန့်ပေါင်းဘောလုံးအသင်းနှင့် ပြည်နယ်လက်ရွေးစင် အမျိုး သမီးအသင်းတို့၏ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ဘောလုံးယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဌာနဆိုင်ရာညွန့်ပေါင်းအသင်းက အနိုင်ရခဲ့ကြောင်း သိရသည်။