admin

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားခရိုင်အတွင်း ကဏ္ဍ အသီးသီးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းနှင့် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံး ပထမဆုရရှိခဲ့သော ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၇           (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ပေးခဲ့ရာ မြစ်ကြီးနားခရိုင်အတွင်းမှ ဂုဏ်ထူးဆောင်ဆုရပုဂ္ဂိုလ်များ အား ဂုဏ်ထူးဆောင်ဆုလက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းအခမ်းအနားနှင့် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံး ပထမဆု ရရှိသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အမျိုး သမီးရေးရာအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတု ကချင် ပြည်နယ်နေ့တွင် ဆုရရှိခဲ့ကြသော ပုဂ္ဂိုလ်များအားလုံး လက်ဝယ်အရောက် ချီးမြှင့်ပေးအပ်လိုသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများနှင့် MSME လုပ်ငန်းများတွင် ထုတ်ကုန် များပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ဗန်းမော်         ဖေဖော်ဝါရီ ၇           ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက် မြှင့်မားလာစေရေး၊ ဗန်းမော်ခရိုင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက် နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် ရောဘတ် နှစ်ခြင်းအသင်း တော်ရုံး၌ ဗန်းမော်ဇုံနယ် နှစ်ခြင်းအသင်းတော် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သုဿန်မြေနေရာ ရရှိရေး၊ နေရပ်စွန့်ခွာပြည်သူများ နေထိုင်စားသောက်ရေးနှင့် ပြောင်းရွေ့နေရာချထားရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို ခရိုင်တာဝန်ရှိ သူများနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗန်းမော်မြို့ကန်သာယာပန်းဥယျာဉ်ဖွင့်လှစ်ပေး၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မား‌ရေးနှင့် ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သူများအတွက် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်

ဗန်းမော်         ဖေဖော်ဝါရီ ၅           ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့် မားလာစေရေး၊ ဗန်းမော်ခရိုင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီက ဗန်းမော်မြို့၏ အဓိကနေရာတစ်ခုဖြစ်သည့် မေတ္တာမွန် ရေကန်(ဂေါ်ရာကန်)အား အများပြည်သူ အပန်းဖြေကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်နိုင်ရေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည့် ကန်သာယာပန်းဥယျာဉ်ကို (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။           ကန်သာယာပန်းဥယျာဉ်ဖွင့်ပွဲကို မေတ္တာမွန်ရေကန်(ဂေါ်ရာကန်)ရှေ့၌ ကျင်းပပြုလုပ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးက ကန်သာယာပန်းဥယျာဉ် အား အများပြည်သူအပန်းဖြေအနားယူ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေး အဆင့်မြှင့်တင်တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ

မြစ်ကြီးနား  ဖေဖော်ဝါရီ ၄           တပို့တွဲလတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံပွဲတော်တစ်ခုဖြစ်သည့် ထမနဲထိုး ပြိုင်ပွဲများကို ရှေးအစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးအရအဖွဲ့က ကြီးမှူး ကျင်းပသည့် ဒုတိယအကြိမ် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီက အဆိုပါ အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။           ထမနဲထိုးပြိုင်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း က ထမနဲထိုးပြိုင်ပွဲသည် နှစ်စဉ်တပို့တွဲလတွင် ကျင်းပမြဲဖြစ်သည့် မြန်မာတို့၏ ရိုးရာပွဲတော်ဖြစ်ပါကြောင်း၊ ယနေ့ထမနဲထိုးပြိုင်ပွဲကို ပါဝင်ကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် စည်းလုံးညီညွတ်မှု၊ ပျော်ရွှင်မှုကို ဖော်ထုတ်ပြသပြီး အကောင်းဆုံးယှဉ်ပြိုင်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပြီး၊ ဒိုင်ချုပ်ဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။…

Read More

ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကအဖွဲ့ဝင်များ ဗန်းမော်မြို့နယ် အတွင်း အမျိုးသမီးငယ်များဘဝတိုးတက်မြင့်မားရေးနှင့် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေး ကွင်းဆင်းဆောင်ရွက်‌

ဗန်းမော်         ဖေဖော်ဝါရီ ၅           ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်အတွင်း အမျိုးသမီးငယ်များ ဘဝတိုးတက် မြင့်မားလာရေးနှင့် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေးအတွက် ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ်အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။           ထို့သို့ ဆောင်ရွက်ရာတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ပြည် နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ နာယကအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်နန်စိန်အေး၊ ဒေါ်ဒေါင် နန်း၊ ဒေါ်သွဲ့လေးအောင်တို့သည် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် အဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၌ အခြေခံစက်ချုပ်ပညာသင်တန်းတက် ရောက်နေသော သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့်တွေ့ဆုံ၊ ကမ်းသာယာကန်နှင့် ပန်းခြံတိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

ဗန်းမော်         ဖေဖော်ဝါရီ ၄           ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ခရိုင်ဦးစီးမှူး များနှင့် တွေ့ဆုံပြီး မေတ္တာမွန်ရေကန်(ဂေါ်ရာကန်)နှင့် ပန်းခြံသာယာလှပရေး တိုးချဲ့ဆောင်ရွက် သွားမည့်အစီအစဉ်များကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဗန်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ခရိုင်အတွင်း မြို့နယ်များမှ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံပြီး ခရိုင်အတွင်းရှိ မြို့များ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လမ်း၊ တံတား၊ ရေပေးဝေရေး၊ ပန်းခြံနှင့် အပန်းဖြေနေရာများ ဖော်ဆောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်နှင့် မံစီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများတိုးတက်မြင့်မားလာစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဗန်းမော်         ဖေဖော်ဝါရီ ၃           ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက် မြှင့်မားလာစေရေး၊ ဆီထွက်သီးနှံနေကြာ အပါအဝင် လယ်သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ် နေမှုအခြေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၃ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ‌ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင် ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မံစီမြို့သို့ သွားရောက်ပြီး မြို့တော်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများတိုးတက်မြင့်မားလာစေရေး ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး၊ နေရပ်စွန့်ခွာပြည်သူများ စီအင်ကျေးရွာသစ်တွင် ပြောင်းရွေ့နေထိုင်နိုင်ရေး လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်

ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့် မားလာစေရေးနှင့် ပြည်နယ်စီးပွားမြှင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီခွဲက ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ကြသည်။           ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ် ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မိုးမောက်မြို့သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်နှင့် ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလီဘောပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်အားပေးပြီး မြို့သန့်ရှင်းသာယာလှပလာစေရေး အထင်ကရနေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ အထင်ကရနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေး ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နံနက် (၈) နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။           ထို့သို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ ပြည်နယ်အတွင်း အစိုးရနှင့် ပြည်သူများအကြား စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်နယ်/ ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၃၁           ၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီက ပြည်နယ်အစိုးရဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။           ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စု ၏ အနှစ်သာရနှင့်ပေါ်လွင်အောင် ပုံရိပ်ကောင်းကောင်းဖြင့် အများပြည်သူယုံကြည်ခိုင်မာလာစေရေး အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင် ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ အလားတူ နေပြည် တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်…

Read More