ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရအနုပညာရှင်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် မြန်မာ့အနာဂတ် မျက်နှာစာလူငယ် မဟာဗျူဟာဖိုရမ်(၂၀၂၅) အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်
မြစ်ကြီးနား စက်တင်ဘာ ၁၁ ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြိုင်ပွဲဝင် ၈၈ ဦး၊ ပြိုင်ပွဲ အမျိုးအစားပေါင်း (၂၇)မျိုးဖြင့် စက်တင်ဘာ ၉ ရက်က စတင်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီက ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြိုင်ပွဲတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားယှဉ်ပြိုင်ခဲ့အနိုင်ရခဲ့ကြသည့် အနုပညာရှင်မောင်မယ်များကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆုရရှိသည့် အနုပညာရှင် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် အစွမ်းထက်လှသည့် အနုသုခုမပညာရပ်များစနစ်တကျ တတ်ကျွမ်းနားလည်ထားသူများဖြစ်ကြသည့်အတွက် မိမိတို့အနုပညာဖန်တီးနိုင်စွမ်းကိုအသုံးချပြီး…