ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇွန် ၉ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေသည် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၃၁၂.၈၄၀)သန်းဖြင့် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိသော အမှတ် (၁၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦအား ဇွန် ၉ ရက် နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အရည်အသွေးစစ်ဆေးရေး နှင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမှတ် အမှတ်(၁၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး၊ပြည်နယ်ယာဉ်ထိန်းရဲတာဝန်ခံ ရဲမှူးစောဟန်သက်မောင်တို့ နှင့်အတူ တင်ဒါအောင်မြင်ခဲ့သော ရွှေရတနာတိုးရွှင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ၆၁ ပေ × ၅၀ ပေ)ပေရှိ (၄)ခန်းတွဲ…