ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ၆ လပြည့်နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးနေမှုနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲကျင်းပမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇန်နဝါရီ ၈           ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ၆ လပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းလုပ်ငန်းကို ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မနောအက စုပေါင်း ကနိုင်ရေး ရုံးဝင်းအတွင်း မနောတိုင်စိုက်ထူခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်နယ်

မြစ်ကြီးနား     ဇန်နဝါရီ   ၇           ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် မနောအက စုပေါင်းကနိုင်ရေးအတွက် ပြည်နယ်အစိုးရရုံးဝင်းအတွင်း မနောတိုင် စိုက်ထူခြင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်ပြီးစီး မှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၇ ရက် နံနက် ၈ နာရီတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မနောအက၊ ပြခန်းများနှင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် များချီးမြှင့်အပ်နှင်းခြင်း အစီအစဉ်များအပါအဝင် အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇန်နဝါရီ   ၆           ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် မနောအက စုပေါင်းကခြင်းနှင့် ဌာနဆိုင်ရာများပြခန်းများ၊ ဂုဏ်ထူးဆောင် ဘွဲ့ တံဆိပ်များ အပ်နှင်းခြင်းအစီအစဉ်များဖြင့် ပြည်နယ်၏ အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ်နိုင် ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်တွင် ကျင်းပပြုလုပ်ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ်အစိုးရ အဖွဲ့ရုံး ရှေ့ မျက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။           (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြု တပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် တိရိစ္ဆာန်ဥယျာဥ်နှင့် အပန်းဖြေစခန်း တည်ဆောက်နေမှုအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၃ ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာ အုပ်စု လွယ်ခေါကျေးရွာအတွင်း ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကပိုင် တိရိစ္ဆာန်ဥယျာဥ်နှင့် အပန်း ဖြေစခန်း (Victory Garden) တည်ဆောက်နေမှုကို ပြည်နယ်သယံဇာတရေးဝန်ကြီးက ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ဇန်နဝါရီ  ၃  ရက် နံနက် ၈ နာရီတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။ ကွင်းဆင်းစစ်ဆေးရာတွင်ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဥက္ကာ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြား ရေးမှူး ဒေါက်တာသန်းအေးနှင့် တာဝန်ရှိသူများက တိရစ္ဆာန်ဥယျာဥ်နှင့် အပန်းဖြေစခန်းအတွင်း တည်ဆောက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ တိရိစ္ဆာန်ဥယျာဉ်အတွင်း မွေးမြူပြသသွားမည့် တိရစ္ဆာန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အပန်းဖြေဥယျာဥ်အတွင်း တည် ဆောက်ထားသည့် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆင့်မြင့်နိုင်လွန် ကတ္တရာလမ်းသစ်ဖွင့်လှစ်

မြစ်ကြီးနား     ဇန်နဝါရီ  ၃           (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရွှေဘို-မြစ်ကြီးနားလမ်း အရှည် ၃.၁ ကီလို မီတာ အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီတွင် ပမ္ပတီရပ် ကွက်ရှိ အဆိုပါ လမ်းသစ်၌ ကျင်းပပြုလုပ်သည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကရာတေးဒိုပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

မြစ်ကြီးနား     ဇန်နဝါရီ  ၂           (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ် လျက်ရှိရာ ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီတွင် မနောမြေမိုးလုံလေလုံအားကစားခန်းမ၌ ကရာတေးဒိုပြိုင်ပွဲကျင်းပနေမှုူကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အား အောင်နိုင်ရေးအလံပေးအပ်

မြစ်ကြီးနား     ဇန်နဝါရီ ၁           တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင် ရေးအလံပေးအပ်ပွဲနှင့် အောင်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပပြုလုပ်သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁           ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လာမည့် ပြည် ထောင်စုနေ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်ထောင်စု၏ ပုံရိပ်ကို ပေါ်လွင်အောင် နေပြည်တော်၌ ခမ်းခမ်းနားနား ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အနေဖြင့် ပြည်နယ်၏ အထင်ကရနေရာများ၊ ထွက်ကုန် ပစ္စည်းများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ပေါ်လွင်အောင် ဖော်ထုတ်ပြသနိုင်သည့် အလှပြ ယာဉ်များ၊ အကအဖွဲ့များ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ

မြစ်ကြီးနား     ဒီဇင်ဘာ ၃၀           ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အဆင့် ပန်းခင်း စီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီး ကော်မတီ  ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။         &Read More