ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (22nd CAEXPO) တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့(City Of Charm) အဖြစ် ပါဝင်ပြသရာ တွင် ရိုးရာမပျက်ဂုဏ်ယူဖွယ်ရာပြသနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၂၅ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နင်နင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (22nd CACXPO) တွင် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့ (City of Charm) အဖြစ် ဂုဏ်ယူစွာပါဝင်ပြသနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်- အာဆီယံကုန်စည်ပြပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနက နှစ်လိုဖွယ်မြို့အဖြစ် ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ၂၀၂၅ ခုနှစ်အတွက် မြစ်ကြီးနားမြို့အား ပြသရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည့်အတွက် ဂုဏ်ယူရမည်ဖြစ်သကဲ့သို့ မိမိတို့အနေဖြင့်လည်း…