admin

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အင်အား(၁၀၀၀)ကျော်ဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းကို တစ်ပျော်တစ်ပါးစုပေါင်းဆောင်ရွက်

မြစ်ကြီးနား     မေ ၇           ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းအင်အားဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းဖြစ်သည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို မေ ၇ ရက် နံနက် ၇ နာရီက မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။           ထို့သို့ ပြည်သူ့အကျိုးပြုစုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းအင်အား (၅၅၀)ကျော်တို့နှင့်အတူ သစ်ပင်ကြီးနှင့် ခြုံနွယ်များ ခုတ်ခွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို တစ်ပျော်တစ်ပါးသန့်ရှင်းရေး ပါဝင်ဆောင် ရွက်ခဲ့ကြသည်။           အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်နည်းပြ၊သရုပ်ပြဆရာ၊ဆရာမမောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ကမ္ဘာ့ကြက်ခြေနီနေ့ ကြိုဆိုဂုဏ်ပြုစုပေါင်းသွေးလှူဒါန်းပွဲနှင့် ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား     မေ ၆           ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားတက္ကသိုလ်ခန်းမဆောင်၌ အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမမောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမောင်မယ်သစ်လွင် (၄၅)ဦးတို့အား နိုင်ငံဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များမွေး ထုတ်ပေးနေသည့် တက္ကသိုလ်များသည် အဓိကကျသကဲ့သို့ တက္ကသိုလ်များဘက်ပေါင်းစုံမှ ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသကဲ့သို့ ယနေ့ခေတ် လူငယ်လူရွယ်များနှင့်  မိမိတို့ တိုင်းပြည်၏ အနာဂတ်ကောင်းမွန်စေရေး ထုဆစ်ပုံဖော်ပေးကြမည့် ဆရာ၊ ဆရာမလောင်းများအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ထို့ကြောင့် နည်းပညာခေတ်နှင့် လျော်ညီစွာ ဘက်စုံပညာရည်ပြည့်ဝသည့်၊ တန်ဖိုး…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်သွားမည့် အစီအမံများအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မေ ၅           ကချင်ပြည်နယ်တစ်ဝှမ်း သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြေရေး ပြည်နယ်သစ်တော ဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် အရိပ်ရသစ်ပင်ပေါင်း (၈၀၀၀)ခန့် စိုက်ပျိုးသွားမည် ဖြစ်ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သစ်ပင်စိုက်ပျိုးပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ မေ ၅ ရက်က မြစ်ကြီးနားမြို့တွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။           ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်သစ်တောဦးစီးဌာန၊ပြည်နယ် ဦးစီးမှူး ဦးဥက္ကာ၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ဝင်းအတွင်း လည်းကောင်း၊ မြစ်ကြီးနား တက္ကသိုလ်မိုးလုံလေလုံအားကစားကွင်းဘေးရှိ ကွင်းပြင်၌ လည်းကောင်း ကျင်းတူး၍ မြေသြဇာ ရောစပ်ထည့်သွင်းဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးသွားမည့် အပင်များ စုစည်းထားရှိမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။           ထို့မှတစ်ဆင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား     မေ ၅            (၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မေ ၅ ရက် နံနက် ၉ နာရီ ကကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့က တက်ရောက်အားပေးခဲ့ကြသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်သမား ကောင်းတစ်ဦးတွင် ရှိရမည့် ခိုင်မာတည်ကြည်ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်၊ အတွေ့အကြုံရင့်ကျက်ပြီး နည်းပညာကြွယ်ဝမှုရှိစေရေး ကြိုးစားဆောင်ရွက်သွားရန်၊ နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေ သည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ်လေ့လာဆည်းပူးပြီး မိမိတို့ နိုင်ငံသားများ အတွက် ပြန်လည်အသုံးချနိုင်ရေး ကြိုးစားအားထုတ်ရန်၊ မိမိတို့ နိုင်ငံသားများကို မီးဘေးလုံခြုံရေး ဆိုင်ရာလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများဖြင့် အလုပ်အကျွေးပြုရာတွင် ရောင့်ရဲ တင်းတိမ်စိတ်မထားဘဲ လိုအပ်ချက်မရှိအောင်စွမ်းဆောင်ကြရန်၊ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာ နိုင်သည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင် (၄)မှတ်တမ်းပါ အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် Data Base ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ငွေကျပ်သိန်း(၁၅၀၀)ကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် လူနာယာဉ်(၁)စီး လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     မေ ၅           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ရုံး၏ ကြီးကြပ်မှုဖြင့် နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များအား Excel Software ဖြင့် Data Base ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ မေ ၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ဝန်ထမ်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။           ထိုသို့လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးဟောင်း၌ ဝန်ထမ်းများ၏ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် အချက်အလက်များကို Excel ဖြင့် စိစစ်တိုက် Data ရေးသွင်းနေမှု လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုမှတစ်ဆင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား     မေ ၄           ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ခဲ့သည့် ကချင်ပြည်နယ်နေ့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အဖြစ် ကျရောက်မည်ဖြစ်ရာ စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် သမိုင်းဝင်ပြည့်စုံကောင်းမွန်သည့် နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေနိုင်ရေးအတွက် မေ ၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာ စကားပြောကြားသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ဖြစ်ပေါ်လာခဲ့သည့် ကချင်ပြည်နယ်နေ့သည် လာမည့် ၂၀၂၃ ခုနှစ်တွင် စိန်ရတုနှစ်အဖြစ် ကျရောက်သည့်အတွက် ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ၊ မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     မေ ၃           ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့က ပူးပေါင်း၍ အားကစားနည်း ၁၈ နည်းကို သင်တန်းသား (၁၀၀၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သော ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို မေ ၃ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီအားကစားသင်တန်းများတွင် ကျောင်း သားလူငယ်များစွာ တက်ရောက်လာခြင်းသည် ပညာရေးနှင့်အားကစားကို အချိုးညီညီပေါင်းစပ်ပြီး စွမ်းရည်မြင့်မားသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာမည်ပါကြောင်း၊ အထူးသဖြင့် ဘောလုံး သင်တန်းသား(၂၀၀)ဦး၊ ဘော်လီဘောသင်တန်းသား (၁၀၀)ဦး၊ ကရာတေးဒိုနှင့် တိုက်ကွမ်ဒိုသင်တန်း သား (၁၀၀)နီးပါးတက်ရောက်ကြသည့်အတွက် သက်ဆိုင်ရာအားကစားနည်းများတွင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ (၂၀၂၂) အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     မေ ၃           ကချင်ပြည်နယ်အတွင်းရှိ ဒေသခံစီးပွား‌ရေးလုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် ပြည်နယ် ၏ဘောလုံးအားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဘောလုံးအသင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင် ကြမည့် အမှတ်ပေးလိဂ်ဖလား မနောလိဂ်အမျိုးသားဘောလုံးပြိုင်ပွဲ (၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို မေ ၂ ရက် ညနေ ၃ နာရီတွင် ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်တိုင်းရင်းသား တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။           ထို့နောက် ဖွင့်ပွဲအဖြစ် နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဆုတောင်းဆက်ကပ်အပ်နှံပေး ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ဘောလုံးဝါသနာရှင်များအချင်းချင်း ချစ်ကြည်ပူးပေါင်းမှုရရှိစေရန်၊ လူငယ်လူရွယ်ဘောလုံးအားကစားသမားများ ကျန်းမာကြံ့ခိုင်မှုများ ရရှိ လာစေရန်၊ ဘောလုံးအားကစားကို ချစ်မြတ်နိုးစိတ်မှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုတိုးပွား ထက်သန်လာစေရေးအတွက် ယခုလို ကျင်းပပြုလုပ်ပေးကြသည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့်တာဝန်ရှိသူများအားလုံးကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသစ်ခန့်အပ်ထားသည့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဝန်ထမ်းများ သင်တန်းဆင်းပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဧပြီ ၂၉           ကချင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက အသစ်ခန့်အပ်ထားသည့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၂  ဝန်ထမ်း(၁၀၀)ဦးတို့အား လုပ်ငန်းခွင်သင်တန်းအဖြစ် ဖေဖော်ဝါရီလမှ စတင်၍ ၃ လကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီ သင်တန်းဆင်းပွဲကို ဧပြီ ၂၉ ရက် နံနက် ၈ နာရီက ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ဝန်ထမ်းအသစ်များအနေဖြင့် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများပီပီ မိမိနိုင်ငံ၊ မိမိလူမျိုးများ၏ အကျိုးအတွက် စိတ်စေတနာ ထက်သန်စွာဖြင့် တာဝန်ကိုလိုလားစွာ ထမ်းဆောင်ကြရန်၊ စာတွေ့(၃)လ ၊လက်တွေ့(၃)လ သင်ကြားပေးမှာဖြစ်သည့်အတွက် သင်တန်းပြီးဆုံးချိန်တွင် တာဝန်ကျရာဒေသရှိ ပြည်သူများအတွက် ကောင်းမွန်စွာအလုပ်အကျွေး ပြုကြရန် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ဆောင်ရွက်နိုင်ကြသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မကြာမီဖွင့်လှစ်တော့မည့် ပြည်နယ်အစိုးရအဖွဲ့၏ အရေးကြီးပုဂ္ဂိုလ် (VIP)ဧည့်ရိပ်သာ(ဧရာဝတီ) ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၂၈           ကချင်ပြည်နယ်အတွင်း နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိလ်များ၊ ပြည်ထောင်စုအဆင့် အကြီးအကဲများ လာရောက်သည့်အခါ တည်းခိုဧည့်ခံနိုင်ရေး မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ တည်ဆောက်ပြီးစီးသည့်အရေးကြီးပုဂ္ဂိုလ်(VIP)ဧည့်ရိပ်သာ(ဧရာဝတီ)အား မကြာမီဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။           ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အဆောက်အဦအတွင်း အစည်းအဝေးခန်းမငယ်၊ ဧည့်ခန်း ငယ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အရေးကြီးပုဂ္ဂိုလ်နားနေခန်း၊ အဆင့်မြင့်အိပ်ခန်းများ၊ အစည်းအဝေးခန်းမ၊ စားသောက်ခန်း၊ ဧည့်တွေ့ခန်းမ၊ လုံခြုံရေးနှင့် ရုံးဝန်ထမ်းခန်းမများဖြင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများနှင့် ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို…

Read More