ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၈၀၀)ကျော်တို့အား ကူညီကယ်ဆယ်ဆောင်ရွက်ထားရှိ
မြစ်ကြီးနား ဇွန် ၁ မြန်မာပြည်မြောက်ဖျားပိုင်း၊ ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့် မလိခမြစ်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး ယနေ့ နံနက် ၈ နာရီတွင် မြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအောက် ၁၁၀၅ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြို့မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေဝင်ခဲ့ရာ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၈၀၀)ကျော်တို့အား ကူညီကယ်ဆယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့သို့ မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့၏ မြေနိမ့်ရပ်ကွက်များဖြစ်သည့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်ကြီးနှင့် ရေကြည်ရပ်ကွက် မြေနိမ့်ပိုင်းတို့တွင် နေအိမ်များထိ ရေဝင်ရောက်ခဲ့သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံဖွဲ့စည်းထားရှိသည့် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၏…