ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်ဧက (၁၀၀)စံပြစိုက်ကွင်းအတွင်း လယ်သီးထပ် ဆီထွက်သီးနှံ စိုက်ပျိုးသည့် တောင်သူများအား သဘာဝမြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာအိတ်များပေးအပ်၊ အချိန်ကိုက်အချိုးကျပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲနှင့် ပညာရေးဒီဂရီကောလိပ် (မြစ်ကြီးနား)၏ အားကစားပြိုင်ပွဲများဆုချီးမြှင့်ပွဲသို့ တက်ရောက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်ဧက (၁၀၀) စံပြစိုက်ကွင်းအတွင်း (လယ်သီးထပ်) ဆီထွက်သီးနှံများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးသည့်တောင်သူများအား သဘာဝမြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာအိတ်များပေးအပ်ခြင်းနှင့် ရွက်ဖျန်းမြေသြဇာအချိန်ကိုက်အချိုးကျ ပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါစံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ရှေးဦးစွာ သဘာဝမြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာအိတ်များ ပေးအပ်ပွဲအခမ်းအနားကို စံပြ စိုက်ကွင်း၊ မန်ခိန်ကွင်း၌ ကျင်းပပြုလုပ်ရာ ကွင်းအတွင်းရှိ တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဗလမင်းထင်စံပြစိုက်ကွင်းအား မိုးစပါးအပြင် လယ်သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေရှိရေး၊ မြေဆီမြေနှစ်ပြည့်ဝရေးတို့ကို အစဉ်တစ်စိုက်ဆောင်ရွက်ခဲ့ရာ သီးထပ်စိုက်ပျိုးမှု တိုးမြှင့်လာပြီဖြစ်သော်လည်း လယ်ဧကအားလုံး တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ ပဲပုပ်နှင့် နေကြာသီးထပ်အတွက်လိုအပ်သည့် သွင်းအားစုများ အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်ရေး သွင်းအားစုများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တောင်သူများအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားကြရန်လိုကြောင်း…