ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လူနေအိမ်အဖြစ်အသုံးပြုရန် ခွင့်ပြုမထားသော မြေနေရာများနှင့် ဗလမင်းထင်အမှတ်(၂)တံတားသစ် တည်ဆောက်မည့်နေရာတို့ကို ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း လူနေအိမ်အဖြစ်အသုံး ပြုရန် ခွင့်ပြုမထားသော မြေနေရာများ ဆက်လက်ဆောင်ရွက်မှုမရှိစေရေးနှင့် ဗလမင်းထင်အမှတ် (၂) တံတားအသစ်တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးဂျာ ဦးဆောင်သော ပြည်နယ်တရားသူကြီးများ၊ ပြည်နယ် တရားရေးအရာရှိများနှင့်တွေ့ဆုံပြီး ပြည်နယ်တရားလွှတ်တော်ရုံးသစ်အဆောက်အဦ ၂၄၀ ပေပတ်လည် တည်ဆောက်သွားနိုင်ရေး မြေနေရာလိုအပ်ချက်နှင့် ပတ်သက်၍ တင်ပြမှုကို ပြည်နယ်ဝန်ကြီးချူပ်က အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေးနှင့် မြေနေရာလိုအပ်ချက်အပေါ် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ် များကို ဝန်ကြီးဌာနများနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ မြစ်ဖျားဧရာ ကားကြီးကွင်းအနီး မြေကွက်လပ်နှင့် စီတာပူရပ်ကွက်၊ စက်မှုဇုန်အပိုင်းအတွင်း လူနေအိမ်အဖြစ်အသုံး ပြုရန် ခွင့်ပြုမထားသော မြေကွက်နေရာတွင် နေအိမ်ဆောက်လုပ်ရန် မြေကွက်ဖော်ဆောင်ထားရှိမှု အခြေအနေကို […]ဆက်လက်ဖတ်ရှူရန်