ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်/ မြို့နယ်/ မြို့စည်ပင်သာယာရေးအဖွဲ့များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်မည့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းစည်းဝေး
မြစ်ကြီးနား သြဂုတ် ၈ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လျာထားဆောင်ရွက်မည့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၈ ရက် နံနက် ၉ နာရီ က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့များသည် မြို့ပြများဖွံ့ဖြိုးသာယာလှပရေးအတွက် ပြည်သူအကျိုးပြုလုပ်ငန်း လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် မြို့နယ်အလိုက် လုပ်ဆောင်ပေးရမည့် လမ်း၊ တံတား၊ ရေပေးရေးနှင့် အခြားတည်ဆောက်ရေးလုပ်ငန်း လိုအပ်ချက်…