ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင် စံပြစိုက်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် လယ်သီးထပ်ဆောင်းသီးနှံ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး/ စိုက်ဧရိယာတိုးချဲ့နိုင်ရေးနှင့် ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်း အကောင်အထည်ဖော်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဒီဇင်ဘာ ၁၀ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီမှ စတင်၍ သီးထပ်စိုက်စွမ်း အား ၂၀၀ ရာခိုင်နှုန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်နှင့် မန်ခိန်ရပ်ကွက်အတွင်း စံပြစိုက်ကွင်း တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်စံပြစိုက်ကွင်းသို့သွား ရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အဆိုပါ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း ပါဝင်သည့် တပ်ကုန်းကွင်း၊ စီတာပူကွင်းနှင့် မန်ခိန်ကွင်းများအတွင်း လယ်ဧရိယာများပေါ်တွင် မိုးစပါးရိတ်သိမ်း ပြီးစီးမှု အခြေအနေများနှင့် ရိတ်သိမ်းပြီး လယ်မြေများပေါ်တွင်…