
မြန်မာ-တရုတ် ကုန်စည်တင်/ ပို့လျက်ရှိသည့် မော်တော်ယာဉ်အစီးရေ တိုးမြှင့်သတ်မှတ်နိုင်ရေး နှင့် စနစ်တကျတင်ပို့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မတ် ၂၂ ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ပြည်သူသမ္မတနိုင်ငံ နှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မော်တော်ယာဉ်အစီးရေ တိုးမြှင့် သတ်မှတ်နိုင်ရေးနှင့် မော်တော်ယာဉ်များ စနစ်တကျတင်ပို့နိုင်ရေးအတွက် မြန်မာ-တရုတ်ကုန် စည်ပြန်လည်စီးဆင်းနိုင်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၂ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နိုင်ရေး အတွက် ကြိုးပမ်းညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပြန်လည် ဆောင်ရွက်လျက်ရှိသော်လည်း တရုတ်နိုင်ငံဘက်သို့ ကုန်စည်တင်ပို့လျက်ရှိသည့် မော်တော်ယာဉ် များအား ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ပြီး စည်းကမ်းတကျဖြင့် ကုန်စည်တင်ပို့နိုင်ရေးအတွက် ပြည်နယ်ကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရေး တိုက် တွန်းပြောကြားသည်။ ထို့နောက်…