
ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံမြေနေရာအဝင်လမ်း ဆောင်ရွက်ပြီးစီးမှု၊ ရေကူးကန် တည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ကိုယ်စားပြု အောင်ပွဲရဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ
မြစ်ကြီးနား မတ် ၁၄ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း၌ တည်ဆောက် သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာ အဝင်လမ်း ပြင်ဆင်ဆောင်ရွက်ပြီးစီး မှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်ဖောင်းကျေးရွာအုပ်စုအတွင်း၌ ကချင် ပြည်နယ်အတွင်း ပထမဆုံး တည်ဆောက်ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းမြေနေရာ ဧက ၅၀ ကျော်နှင့် ကွန်ပျူတာတက္ကသိုလ်မြေနေရာတို့အား ခြံစည်းရိုးကာရုံ ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အားကာသိပ္ပံကျောင်း အဝင်လမ်းအရှည် ၁ မိုင် ၁.၄ ဖာလုံအား ကျောက်ချောလမ်း ခင်းဆောင်ရွက်ထားရှိမှုနှင့် လမ်းမပေါ်ရှိ Box Culvert (၆) ခု…