ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် အခြေခံစက်ချုပ်သင်တန်း တက်ရောက်ဖွင့်လှစ်ပေးပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
မြစ်ကြီးနား ဇွန် ၂၁ ကချင်ပြည်နယ်၊တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီဌာနနှင့် အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ် နေရေး အဆင်ပြေလာစေရန်နှင့်ကိုယ်ပိုင်တိုင်းရင်းသားလုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ရေးအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲကို ဇွန် ၂၁ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရက်ကန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားရေးရာဝန်ကြီး ဌာနအနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် တို့ပါဝင်သော လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိရန် ဦးတည်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယနေ့ တိုင်းရင်းသူများအနေဖြင့် သင်ကြားပေးသည့် စက်ချုပ်ဆိုင်ရာဘာသာရပ်များ…