ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းရှိ ရာသီပေါ်ဟင်းသီးဟင်းရွက်စိုက် တောင်သူများအား စိုက်ပျိုးရေးနည်းပညာပံ့ပိုးကူညီနိုင်ရေး၊ ဈေးကွက်ရရှိရေးတို့အတွက် တောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား စက်တင်ဘာ ၆ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါကာလအလွန် ရာသီပေါ် ဟင်းသီးဟင်း ရွက်စိုက်ပျိုးသည့် တောင်သူများ စီးပွားရေးအဆင်ပြေစေရေးနှင့် ဈေးကွက်ရှာဖွေပေးနိုင်ရေး ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ကိစ္စရပ်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် စက်တင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ ဒူဝါလဝမ်လီအောက်မေ့ဖွယ်ခန်းမဆောင်၌ မြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။ &Read More