ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     သြဂုတ် ၃၁

          ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည်စီမံကိန်း လုပ်ငန်းများ လျာထားဆောင်ရွက်နိုင်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ စီးပွားရေးလုပ် ငန်းများတိုးတက်မြင့်မားလာစေရေးတို့အတွက် ရေတို၊ ရေရှည် အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် လုပ်ငန်းများအား စီမံချက်ရေးဆွဲ၍ လျာထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာ ရှင်များဖြစ်သည်နှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုအတွက် ပြည်သူများကို တိုက်ရိုက် အကျိုးပြုဖြစ်ထွန်းနိုင်မည့် လုပ်ငန်းများဖြစ်စေရေးနှင့် ရေရှည်အတွက် နယ်မြေအခြေ အနေနှင့် ကိုက်ညီပြီး အကောင်အထည်ဖော်ဆောင်သွားရမည့် လုပ်ငန်းများဖြစ်စေရေးကို စီမံချက် ရေးဆွဲ၍ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုကြောင်း တိုက်တွန်းမှာ ကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်အစိုးရအဖွဲ့ ၏ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီးပွားရေး မူဝါဒ ရည်မှန်းချက် (၇)ရပ်နှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမူဝါဒ မဟာဗျူဟာ စီမံကိန်းရေးဆွဲခြင်းဆိုင်ရာလုပ်ငန်းများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

          ယင်းနောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအ ကဲများက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်ဘဏ္ဍာ၊ ပြည်ထောင် စုဘဏ္ဍာများဖြင့် ရေတို၊ ရေရှည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများ နှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တင်ပြချက်များအပေါ် သုံးသပ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

          ရှင်းလင်းသုံးသပ်ဆွေးနွေးပြောကြားမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်း များရေးဆွဲရာတွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ၊ နယ်မြေ အခြေအနေအပေါ် သုံးသပ်စဉ်းစားပြီး အမှန်တကယ်တကယ် အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းများကိုသာ ရေတိုကာလနှင့် ရေရှည်ကာလတို့အတွက် ရည်မှန်းပြီး ဦးစားပေး ဆောင်ရွက် ရမည့် လုပ်ငန်းများကိုသာ လျာထားရေးဆွဲဆောင်ရွက်ရေး၊ အမှန်တကယ် အကျိုးဖြစ်ထွန်းပြီး အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းများဖြစ်စေရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။