ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကျင်းပပြုလုပ်
မွဈကွီးနား ဇနျနဝါရီ ၂၇ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အံ့တော်ရှင်တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြသည်။ အခမ်းအနားသို့ ပြည်နယ်သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေတုမာလာအမှူးပြုသော ပင့်သံဃာများ၊ စာအောင်သံဃာတော်များ၊ စာအောင်သီလရှင်ဆရာလေးများ ကြွရောက်တော်မူကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်ဇနီးဒေါ်ရွှေစင်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး ရှေးဦးစွာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ဆက်လက်ကျင်းပရာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ […]Read More