ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်ပေါင်းစုံ ရပ်ရွာအခြေပြုဘောလုံးနည်းပြသင်တန်း (Premier Skill Community Coaching Course) ဖွင့်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     စက်တင်ဘာ ၁၆           ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် British Council Myanmar တို့မှ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ သင်တန်းသားများပါဝင်သည့် ဘောလုံးနည်းပြသင် တန်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ဖွင့်လှစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကား ပြောကြားသည်။           ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ရပ်ရွာအခြေပြုဘောလုံးနည်းပြသင်တန်း( Premier Skill Community Coaching Course)မှတဆင့် ပြည်နယ်အတွင်းရှိ အရည်အချင်းပြည့်ဝသည့်ဘောလုံး နည်းပြဆရာကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ အခြေခံကျသည့် နည်းစနစ် များကို မိမိတို့တတ်ကျွမ်းထားသည့် ကျွမ်းကျင်မှုနှင့် ပေါင်းစပ်အသုံးပြုကာ ပြည်နယ်၏ ဘောလုံး အားကစားဖွံ့ဖြိုးတိုးတက်လာအောင် လက်တွေ့ကျကျ အသုံးချရန်လိုကြောင်း၊ ထို့အပြင် မိမိတို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ တရုတ်ဘုံကျောင်းအတွင်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းသို့ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၁၅           ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ တရုတ်ဘုံကျောင်းအတွင်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် မိုးညှင်းခရိုင်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးကြမည့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအတွက် ကာကွယ်ထိန်းချုပ်ကုသရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးခြင်း စက်တင်ဘာ ၁၅ ရက်တွင် ဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ တရုတ်ဗုဒ္ဓဘာသာနှင့် ကွန်ဖြူးရှပ် ယဉ်ကျေးမှုသင်တန်းကျောင်းတွင် တရုတ်ယူနန်ဘုံကျောင်းအဖွဲ့မှ ဦးဆောင်၍ ကိုယ်ထူကိုယ်ထ စရိတ်ကျခံစနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစင်တာ၌  ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသင်းအဖွဲ့အသီးသီးမှ ပူးပေါင်းဆောင် ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများ…

Read More

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေးနှင့် အားကစားပြိုင်ပွဲ ပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၁၄           ကချင်ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံလက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့် လှစ်နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားကစားအောင်မြင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ အရည် အသွေးနှင့် ဂုဏ်သိက္ခာကို ဖော်ပြနေဖြင်းဖြစ်၍ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ကာ စနစ်တကျ လေ့ကျင့်ပြုစုပျိုးထောင်သွားရေး၊ ပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားရေးအတွက် ဆပ် ကော်မတီများ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်သွားရေးနှင့် အား ကစားသမားများစနစ်တကျမွေးထုတ်နိုင်ရေး အားကစားနှင့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ပူတာအိုဒေသရှိ ဘာသာရေး ကျောင်းများနှင့် အိမ်ထောင်စု (၂၃၁)စုတို့အတွက် ဆန်နှင့် စားနပ်ရိက္ခာများလှူဒါန်း

မြစ်ကြီးနား     စက်တင်ဘာ ၁၄           ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလျက်ရှိသည့် ကာလအတွင်း ပူတာအိုခရိုင်အတွင်းရှိ ဘာသာ ရေးကျောင်းများနှင့် ဒေသခံပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ဆန်နှင့် စားနပ်ရိက္ခာများ လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်း ထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာလအတွင်း ဘာသာ ရေးအဖွဲ့အစည်းများ၊ နေရပ်စွန့်ခွာပြည်သူများ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေး မိမိတို့ အစိုးရအဖွဲ့အနေဖြင့် တပ်မတော်နှင့် ပူးပေါင်း၍ ကူညီထောက်ပံ့မှုများကို တတ်နိုင်သလောက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ မိမိတို့အနေဖြင့် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးက တပ်မတော်မှ ကိုဗစ်-၁၉…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၁၄           ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကိုဗစ်-၁၉ ဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေးနှင့် လိုအပ်သည့် ထိန်းချုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကု သရေးအတွက် တည်ဆောက်ပြီးစီးသည့် အောက်စီဂျင်စက်ရုံ လည်ပတ်ထုတ်လုပ်နိုင်မှုအခြေအ နေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထုတ်လုပ်သုံးစွဲမှုအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည် များကို ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကို အလျော့နည်းဆုံးနှင့် အသက်သာဆုံးကျော်ဖြတ်…

Read More

ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများ ပြန်လည်နေရာချထားမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၁၃           ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများ ပြန်လည်နေရာချထားမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ၏ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့် ဂုဏ် သိက္ခာရှိစွာဖြင့် ဘေးကင်းလုံခြုံစွာနေရပ်ပြန်ရေးကို သတ်မှတ်စံချိန်စံညွှန်းများကို အခြေခံ၍  အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပိတ်သိမ်းမည့် စခန်းများကို စနစ်တကျ စာရင်းကောက်ယူပြီး ပြန်လည်နေရာချထားပေးမည့် နေရာများကို စိစစ်ရွေးချယ်၍ လိုအပ်သည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပရဟိတအသင်းသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် IDPs စခန်းများသို့ ရိက္ခာခြောက်များ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၁၃           ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ မင်းရပ်ဗဟိုဗလီ၌ အကျိုးဆောင်မွတ်စလင် လူငယ်ပရဟိတအသင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း နှင့် IDPs စခန်းများသို့ ရိက္ခာခြောက်များ သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးမျာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ မင်းရပ်ဗဟိုဗလီ၌ ဘာသာရေးခေါင်းဆောင်များ၊ အကျိုးဆောင်မွတ်စလင်လူငယ်ပရဟိတအသင်းတို့မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်အတွက် မှတ်တမ်း တင်ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်သည့် ပံ့ပိုးကူညီမှုများကို အဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး အသင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။…

Read More

ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရေတို/ ရေရှည် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၁၁           ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေး ပြည်နယ်ဘဏ္ဍာ၊ ပြည်‌ထောင်စုဘဏ္ဍာရန်ပုံငွေများ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က  ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ရာတွင် ရေတို/ ရေရှည်စီမံကိန်းသည် ပြည်နယ်၏ အနာဂတ်အတွက် စီမံရေးဆွဲရမည်ဖြစ်သလို လက်ရှိကာလ၏ လိုအပ်ချက်များကိုလည်း ချိန်ညှိ ရေးဆွဲရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏ စီမံကိန်းရေး ဆွဲချမှတ်ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်၊ လိုလားချက်နှင့် မျှော်မှန်းချက်များအပေါ် မူတည်ပြီး ရွေးချယ်မှုနှင့် ရည်မှန်းချက်ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကို တိုက်ရိုက်အကျိုး ပြုဖြစ်ထွန်းနိုင်မည့် လုပ်ငန်းများဖြစ်စေရေး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ငန်း‌ဆောင်ရွက်ပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မြစ်ကြီးနား     စက်တင်ဘာ ၁၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက  စက်တင်ဘာ ၁၁ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက် အသီးသီးတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။           သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်း၍ ဒူကထောင်ရပ်ကွက်၊ ဂေါက်ကွင်းရှေ့မှ ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျှောက်မှစတင်၍ သီတာရပ်ကွက်၊ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းလမ်းဘေးဝဲ/ယာတစ်လျှောက်တို့ ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက် ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။  ထို့နောက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ နှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၊ ပရဟိတအဖွဲ့များသို့ ထောက်ပံ့မှုများဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၁၁           ကချင်ပြည်နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ကချင်ပြည်နယ် အခမဲ့‌ ဆေးဝါးကုသရေးဖောင်ဒေးရှင်းအပါအဝင် မိုးညှင်းခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များနှင့် တွေ့ဆုံပြီး ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၀ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည် နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယခုလို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့ပွားလျက်ရှိ သည့် ကာလအတွင်း နိုင်ငံတော်မှ Stay At Home သတ်မှတ်၍ အခြားသော ရုံးဌာနများအား ပိတ် ထားပေးသော်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများ ငွေကြေးအခက်အခဲ ပြေလည်စေရန် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့်…

Read More