ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုဘဏ္ဍာနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဘတ်ဂျက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းစည်းဝေးနှင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဇွန် ၁၇ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ပြည်ထောင်စုဘဏ္ဍာနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဘတ်ဂျက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားများကို ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဘတ်ဂျက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရေးဆွဲဆောင်ရွက်ထားပြီး ဖြစ်သော်လည်း ဘတ်ဂျက်နှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆)လစာ Mini ဘတ်ဂျက်ရေးဆွဲတင်ပြရန် ညွှန်ကြားလာသဖြင့် ဌာနဆိုင် ရာအဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း၊…