မြစ်ကြီးနားစာဖြေဌာန၌ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အားပေးကြည်ညိုပြီး အလှူငွေများပေးအပ်လှူဒါန်း

 မြစ်ကြီးနားစာဖြေဌာန၌ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အားပေးကြည်ညိုပြီး အလှူငွေများပေးအပ်လှူဒါန်း

မြစ်ကြီးနား     ဇွန် ၁၀

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့စာဖြေဌာန၌ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ပြည်နယ် သံဃနာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဝန်းသိုကျောင်းတိုက်၌ ကျင်းပလျက်ရှိသော ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေ ကြသည့် သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သွားရောက် အားပေးကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ ဝန်းသိုကျောင်းတိုက်၌ ပြည်နယ်သံဃနာယကဆရာတော်ကြီးများကြီးကြပ် မှုဖြင့် စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်ဆရာလေး(၁၀၃)ပါးတို့၏ဖြေဆိုမှု ကို လှည့်လည်ကြည့်ရှုအားပေးကြည်ညိုခဲ့ကြပြီး ပြည်နယ်သံဃနာယကဆရာတော်ကြီးများထံ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှု အခြေအနေနှင့် သာသနာတော်ဆိုင်ရာကိစ္စရပ် များကို မေးမြန်းလျှောက်ထားခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြည်နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများအတွက် အလှူငွေကျပ်(၆)သိန်းနှင့် စာဖြေသံဃာ တော်များအတွက် စာမေးပွဲ ကျင်းပသည့် ၁.၆. ၂၀၂၁ ရက်နေ့မှ ၁၃.၆.၂၀၂၁ ရက်နေ့အထိ (၁၃) ရက်စာ ဆွမ်းစရိတ်နဝကမ္မအလှူငွေကျပ် (၆၄) သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြသည်။