ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

 ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဇွန် ၁၀

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန် အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ‌ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ် ရောဂါနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများတွင် လျှင်မြန်စွာကူးစက်ဖြစ်ပွားနေမှုနှင့် မြန်မာနိုင်ငံ အတွင်း ပြန်လည်ဖြစ်ပွားလာမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မိမိတို့ ကချင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသည်ကို တွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်တားဆီးရေး၊ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် တိုးမြှင့်လုပ်ဆောင်ရေးနှင့် ဆပ်ကော်မတီ များအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ရန်ကြရေးနှင့် အချင်းချင်း အချိတ်အဆက် မိမိဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရေး တိုက်တွန်းမှာ ကြားသည်။

          ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်း အောင်က ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရရှိမှု အခြေအနေများနှင့် အသွားအလာကန့်သတ်၍ ရောဂါပိုးရှိ/ မရှိစစ်ဆေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက် လာကြသည့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်း တာဝန်များအလိုက် ပြည်နယ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများနှင့် တခြား တိုင်းဒေကြီး၊ ပြည်နယ်များမှ ဝင်ရောက်လာမှုများကို အသွားအလာကန့်သတ်စောင့်ကြည့်၍ စစ်ဆေးမှု အခြေအနေများ၊ ကြိုတင်ကာကွယ်‌ရေး၊ အသိပညာပေးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများအား ကုသပေးနေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ခဲ့မှုအခြေ အနေနှင့် ထပ်မံထိုးနှံသွားမည့် အစီအမံများ၊ အသွားအလာကန့်သတ်ရေးစခန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။

          ဆက်လက်၍ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ တာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဝင်ရောက်လာသူများအား စောင့်ကြည့်ထိန်းချုပ်နိုင်ရေး စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကချင်ပြည်နယ်၏ ဝင်ပေါက်တစ်ခု ဖြစ်သည့် နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ စစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်သွား နိုင်ရေးစီမံဆောင်ရွက်သွားရန်၊ ကာကွယ်ဆေးထပ်မံထိုးနှံရေးလုပ်ငန်းကို မြန်ဆန်စွာထိုးနှံပေးနိုင် ရေး၊ ပြည်နယ်အတွင်းရှိ သွားလာကန့်သတ်ထားရှိမည့် စခန်းများ ကြိုတင်ပြင်ဆင်ထားရှိရေး၊ နယ်စပ် ဒေသဝင်/ထွက်ဂိတ်များတွင် စနစ်တကျစစ်ဆေးဆောင်ရွက်နိုင်ရေး လိုအပ်သည့် ရန်ပုံ ငွေများချထားပေးနိုင်ရေးတို့ကို ပြည်နယ်ကော်မတီဝင်များနှင့် ဆပ်ကော်မတီများအကြား ညှိနှိုင်း ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် အဆိုပါ အခမ်းအနားအပြီးတွင် မြစ်ကြီးနားမြို့၊ ကုတင်-၅၀၀ ဆံ့အထွေထွေ ရောဂါကုဆေးရုံကြီး ဖွင့်လှစ်နိုင်ရေးအတွက် ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ခံအရာရှိ၊ အထူးကုဆရာဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက် ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်သူများ ကျန်းမာရေး လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မြစ်ကြီးနားဆေးရုံကြီးအမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် လို အပ်သည်များကို တင်ပြဆွေးနွေးစေလိုကြောင်းမှာကြားသည်။ ထို့နောက် ဆေးရုံအုပ်ကြီးဒေါက်တာတင်လှက ဆေးရုံကြီးအတွင်း တာဝန်ထမ်းဆောင် မည့် ပါရဂူ၊ အထူးကုနှင့် ဆရာဝန်၊ သူနာပြုအင်အားအခြေအနေများနှင့် ဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်ကျန်းမာရေးဝန်ထမ်းများအကြား လိုအပ်သည့် လစ်လပ်လက်ထောက်ဆရာဝန်များခန့်ထားနိုင်ရေးနှင့် ဆေးရုံအမြန်ဖွင့်လှစ်နိုင်ရေး လိုအပ် ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်‌ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။