ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအတွက် မီးဘေး ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲကို ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မီးသတ်ဦးစီးဌာန အနေဖြင့် ယခုလို နိုင်ငံဝန်ထမ်းအချင်းချင်း အားပေးကူညီပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပေးခြင်း၊ မီးငြိမ်းသတ်သရုပ်ပြခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသကဲ့သို့ ပြည်သူ များ၏ အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးဖြစ်ပေါ်လာပါက ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ရသူများဖြစ်ပါကြောင်း၊ ထို့ကြောင့် မီးတပ်တပ်ဖွဲ့ ဝင်များအနေဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်အကောင်းဆုံးကြိုးစားထမ်းဆောင်သွား ကြရန်လိုအပ်ကြောင်းနှင့် မိမိတို့ကောင်စီအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။           ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက…

Read More

ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီက မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဧပြီ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာ့မီးရ ထားသည် မိမိတို့ ကချင်ပြည်နယ်နှင့် ပြည်နယ်သူ/ ပြည်နယ်သားများအတွက် ခရီးသွားလာရာတွင် လည်းကောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း နှစ်ပေါင်းများစွာ အကျိုးပြုတာဝန်ယူ ခဲ့ပါကြောင်း၊ ယနေ့ နိုင်ငံရေးအပြောင်းအလဲကြောင့် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပြီး မီးရထားသွား/ လာမှုရပ်ဆိုင်းထားခဲ့ရသော်လည်း ရထားကိုအသုံးပြုသွားလာနေရသည့် ပြည်သူများအခက်အခဲဖြစ် ပေါ်လာသည့်အတွက် မီးရထားဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းပီပီ တာဝန်ကျေပွန်အောင်ထမ်း ဆောင်သွားရမည်ဖြစ်ပေါကြောင်း မှာကြားသည်။           ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဦးမျိုး ဆွေနှင့်…

Read More

ကချင်ပြည်နယ်အတွင်း ဝဥစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်လာစေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်

မြစ်ကြီးနား     မတ် ၃၁           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဥစိုက်ပျိုးထုတ်လုပ်မှုအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌  ဝဥစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဝဥမျိုးစေ့များကို  ဖြန့်ဝေပေးအပ် ခဲ့သည်။           ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်ရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်ပါအတိုင်း ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်ကုန်ထုတ် လုပ်မှုကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တောင်သူများဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ဝင်ငွေမြင့်မားပြီး ဈေးကွက်ရှိပြီးဖြစ် သည့် ဝဥကို ပြည်နယ်၏စီးပွားရေးထုတ်ကုန်တစ်ခုအဖြစ်အောင်မြင်အောင်အကောင်အထည်ဖော်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ကောင်စီအဖွဲ့အနေဖြင့် တောင်သူများအတွက်  ဝဥမျိုးစေ့ဖြန့်ဝေပေး သွားမည့်အပြင် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုနည်းပညာများကို အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

မြစ်ကြီးနား     မတ် ၂၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ် ၂၇ ရက် (သာသနာတော် နှစ် ၂၅၆၄၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။           သာသနာဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲသို့ ကချင်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းမြို့ မဟာတိလောကာရာမ ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမစဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏ ဦးဆောင်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်သည်။           ယင်းနောက် ကချင်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မိုးကောင်းမြို့ မဟာတိလောကာရာမ ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယကဆရာတော်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

မြစ်ကြီးနား     မတ် ၂၆           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များက ရပ်ရွာတည်ငြိမ်အေး ချမ်းရေးအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို မတ် ၂၆ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့နယ်ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးဝင်းအတွင်းရှိ မနောရွှေပြည် ခန်းမ၌ ကျင်းပပြုလုပ်သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူပြီး ဦးတည်ချက်(၉)ရပ်၊ရှေ့လုပ်ငန်း စဉ်(၅)ရပ်တို့ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတို့ကိုရှင်းလင်းပြောကြားပြီး အုပ်ချုပ် ရေးပိုင်းဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများနှင့် အများဆုံးထိတွေ့ပြီး ဆောင်ရွက်နေကြသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အဓိကကျပါကြောင်း၊ မိမိတို့ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအတွင်း မှီတင်းနေထိုင်သော ပြည်သူများ…

Read More

ကချင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၂၅           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက်တည်ဆောက်‌ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအခြေအနေ၊ စီးပွားရေးအခွင့်အလမ်းအတွက် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်နယ်သူ/ပြည်နယ်သားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ် များနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုမြင့်မားလာစေရေး စီမံ‌ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ပြည်နယ်ကောင်စီအနေဖြင့် ကြားကာလ အတွင်းတာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံရေးမငြိမ်မသက်မှုဖြစ်စဉ်များကြောင့်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသော အခြေခံပညာမူလတန်းကျောင်းအုပ်များအား သွားရောက်အားပေးထောက်ပံ့

မြစ်ကြီးနား     မတ် ၂၄           ကချင်ပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များက မြစ်ကြီးနားမြို့၊ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံပညာ မူလတန်းကျောင်းအုပ်များ စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်သင်ကြားနေသော ကျောင်းအုပ်များ အား မတ် ၂၄ ရက် နံနက် ၁၁ နာရီခွဲတွင် သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များအား အခြေခံပညာမူလတန်းကျောင်း အုပ်များအား သင်တန်းဖွင့်လှစ်မှု၊ သင်တန်းတက်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ပြည်နယ်ပညာရေး မှူးဦးကျော်မိုးထွန်းနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌက သင်တန်းတက် ရောက်လာကြသည့် မူလတန်းကျောင်းအုပ်များအား ဆရာ၊ ဆရာမများသည် အနန္တဂိုဏ်းဝင်များပင်ဖြစ် ပါကြောင်း၊ အထူးသဖြင့် မူလတန်းတွင် သင်ကြားသော ဆရာ၊ ဆရာမများသည် မိမိတို့ ကလေးငယ်များ ၏ အနာဂတ်အတွက် အဓိကကျသည့် လက်ဦးဆရာများပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊…

Read More

(၇၆)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီဘဏ်လီမိတက်၏ (၆၆)ခုမြောက် ဘဏ်ခွဲ မြဝတီဘဏ်(မြစ်ကြီးနား)ဘဏ်ခွဲကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက် ဖွင့်လှစ်ပေး

မြစ်ကြီးနား မတ် ၂၄ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီဘဏ်လီမိတက်၏ (၆၆)ခု မြောက် ဘဏ်ခွဲဖြစ်သည့် မြဝတီဘဏ်(မြစ်ကြီးနား)ဘဏ်ခွဲဖွင့်ပွဲကို မတ် ၂၄ ရက် နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အဆိုပါ ဘဏ်ခွဲအဆောက်အအုံသစ်ရှေ့ ၌ ပြုလုပ်ကျင်းပသည်။ မြဝတီဘဏ် (မြစ်ကြီးနား)ဘဏ်ခွဲဖွင့်ပွဲသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန် နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဘဏ်ခွဲအဆောက်အဦ သစ်ကို ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြဝတီဘဏ် (မြစ်ကြီးနား)ဘဏ်ခွဲတာဝန်ခံဦးအောင်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘဏ်ခွဲ၏ကမ္ပည်းမော် ကွန်းအား အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး ဘဏ်ခွဲအတွင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင် မည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ မြဝတီဘဏ်(မြစ်ကြီးနား)ဘဏ်ခွဲအနေဖြင့် ကချင်ပြည်နယ်၊…

Read More

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ငွေပျော်စံပြကျေးရွာနေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်

မြစ်ကြီးနား မတ် ၂၂ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်းနယ်မြေအခြေအနေ အရ နေရပ်စွန့်ခွာပြည်သူများအတွက် ပြန်လည်ထူထောင်ရေးစခန်းတစ်ခုဖြစ်သည့် ငွေပျော်စံပြကျေးရွာ နေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်ပွဲကို မတ် ၂၂ ရက် နံနက် ၁၀ နာရီခွဲ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါးဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ဆန်အိတ်များထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ငွေပျော်စံပြကျေးရွာနေပြည်သူများအား ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ကာလ တွင် နေရပ်ကိုစွန့်ခွာလာခဲ့ပြီး ယခုလို အခြေချနေထိုင်ရန် ကြိုးစားနေချိန်တွင် မိမိတို့ရပ်ရွာကို တည်ငြိမ် အေးချမ်းမှုရှိအောင် မိမိတို့ကောင်စီအဖွဲ့အနေဖြင့် အတူလက်တွဲပြီး တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် ကြားကာလအတွင်း စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း ပြည်သူများအတွက် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ရပ်ရွာတာဝန်ရှိသူများအနေဖြင့် နယ်မြေတည်ငြိမ်အေး ချမ်းမှုရှိစေရေးနှင့်…

Read More

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နေရပ်ပြန်နန်ဆန်ယန်ကျေးရွာတွင် ပြန်လည်နေထိုင်လျက်ရှိ သောပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်

မြစ်ကြီးနား မတ် ၂၀ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ IDPs စခန်းများမှ ၎င်းတို့၏ နေရပ်နန်ဆန်ယန်ကျေးရွာ၌ ပြန်လည်အခြေချနေထိုင်လျက်ရှိသော မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာမှ ပြည်သူများအတွက် ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် ပွဲကို မတ် ၂၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံချုပ်အုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါး နော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ် အတွင်းရှိ IDPs စခန်းမှ နေရပ်စွန့်ခွာပြည်သူများအား ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်အခြေချနေ ထိုင်နိုင်ရေးသည် စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ IDPs…

Read More