ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

မြစ်ကြီးနား     မတ် ၂၆

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များက ရပ်ရွာတည်ငြိမ်အေး ချမ်းရေးအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို မတ် ၂၆ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့နယ်ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးဝင်းအတွင်းရှိ မနောရွှေပြည် ခန်းမ၌ ကျင်းပပြုလုပ်သည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူပြီး ဦးတည်ချက်(၉)ရပ်၊ရှေ့လုပ်ငန်း စဉ်(၅)ရပ်တို့ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတို့ကိုရှင်းလင်းပြောကြားပြီး အုပ်ချုပ် ရေးပိုင်းဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများနှင့် အများဆုံးထိတွေ့ပြီး ဆောင်ရွက်နေကြသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အဓိကကျပါကြောင်း၊ မိမိတို့ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအတွင်း မှီတင်းနေထိုင်သော ပြည်သူများ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ရပ်/ကျေးအုပ် ချုပ်ရေးမှူးများအနေဖြင့် နိုင်ငံတော်၏ ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို သိရှိနားလည်အောင် ရှင်းလင်းပြောပြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဥပဒေနှင့် အညီ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အလားတူ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သော အရေးပေါ်ကာလဆိုင်ရာ ပြဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်‌ရေးအတွက် မိမိတို့အနေဖြင့် တာဝန်ကျေပွန် ဆောင်ရွက်နိုင်ရေးအတွက် လက်တွဲကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြား သည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်နေကြသည့် လုပ်ငန်းကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့နှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားကြပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးတို့က ရပ်ကွက်/ ကျေးရွာများအတွင်း လတ်တလောကာလအတွင်း လုပ်ငန်းတာ ဝန်များဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်း ချက်များကို ရှင်းလင်းတင်ပြကြသည်။     

          ယင်းနောက် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်တို့က မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက် နိုင်မှုအခြေအနေများနှင့် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဆူပူမငြိမ်မသက်မှုဖြစ်စဉ်များအပေါ် ဖြေရှင်းဆောင်ရွက်နေမှုများကို ရှင်း လင်းတင်ပြပြီး မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

          ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌက ရပ်ကွက်/ကျေးရွာများအုပ်ချုပ် ရေးမှူးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်နှင့် ရှေ့လမ်းစဉ် (၅)ရပ်အား ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် တပ်ဆင်ချိတ်ဆွဲထားရှိရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းကို ပူးပေါင်း‌ဆောင်ရွက်ရေး၊  ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့် အိမ် ထောင်စုစာရင်းများ စိစစ်ကောက်ယူရာတွင် တက်ကြွစွာ လက်တွဲပူးပေါင်းဆောင်ရွက်ရေး၊ ဆူပူမငြိမ် မသက်မှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး ရပ်/ကျေးညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ရေး၊ ရပ်/ကျေးအဆင့်ထိ ရပ်/ရွာတည်ငြိမ်အေးချမ်းမှုရှိစေရေးကို အထူးအလေးထားဆောင်ရွက်‌ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရေးတို့ကို ဖြည့်စွက်မှာကြား ခဲ့သည်။