ကချင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၂၅

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက်တည်ဆောက်‌ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအခြေအနေ၊ စီးပွားရေးအခွင့်အလမ်းအတွက် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်နယ်သူ/ပြည်နယ်သားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ် များနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုမြင့်မားလာစေရေး စီမံ‌ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ပြည်နယ်ကောင်စီအနေဖြင့် ကြားကာလ အတွင်းတာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံရေးမငြိမ်မသက်မှုဖြစ်စဉ်များကြောင့် ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ အပြင် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊  အခက်အခဲ တစ်စုံတစ်ရာပေါ်ပေါက်ပါက မိမိတို့ကောင်စီအဖွဲ့ထံ အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန်လို ကြောင်း၊ မိမိတို့ကောင်စီအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မှာကြားသည်။

          ယင်းနောက် တက်ရောက်လာကြည့် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအလိုက် တင်ဒါဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်  တာဝန်ပေးအပ်ဆောင်ရွက်နေမှု အခြေအနေများ၊ လုံခြုံရေးဆိုင်ရာအစီအမံများ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် လို အပ်သည့်ကိစ္စရပ်များကိုတင်ပြကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက လိုအပ်ချက်များအပေါ် ပေါင်းစပ် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌက ဌာနဆိုင်ရာများအတွက် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များနှင့် တည်ဆောက်ရေးလုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးလိုအပ်သည့် အခက်အခဲ များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။