
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် များသို့ တက်ရောက်၍ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးပေး
မြစ်ကြီးနား ဇွန် ၁၂ ကချင်ပြည်နယ် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို မြစ်ကြီးနားမြို့၊ တက္ကသိုလ်ဝင်းအတွင်းနှင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော် ပရဝဏ်အတွင်းတို့၌ ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြသည်။ ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ဘောလုံးကွင်းအနီး၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဦးမျိုးဆွေ၊ ဦးတိန့် ဆောင်တို့နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်နှင့် ကထိကဆရာ၊ ဆရာမများ၊ စစ်မှုထမ်းဟောင်းများ နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက မိုးရာသီတစ်အုပ်တစ်မ အရိပ်ရ သစ်ပင်များကို စုပေါင်း၍…