
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအတွက် ဖွင့်လှစ် ပို့ချပေးခဲ့သော စွမ်းဆောင်ရည်မြှင့်သင်တန်းများဆင်းပွဲကျင်းပပြုလုပ်
မြစ်ကြီးနား ဧပြီ ၂၁ ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား လာစေရေးအပြင် အသိပညာအတတ်ပညာများ တိုးတက်မြင့်မားလာစေရေးအတွက် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခဲ့ရာ ဧပြီ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကွန်ပျူတာစွမ်းရည်မြင့်မားရေးသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း နှင့် Body Fitness သင်တန်းများ ဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။ သင်တန်းများဆင်းပွဲအခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က ဝန်ထမ်းများအနေဖြင့် ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းများ တက်ရောက်ခဲ့ပြီး သင်တန်းများတွင် သင်ကြားခဲ့သည့် ဘာသာရပ်များအား လုပ်ငန်းခွင်တွင်သာမက လုပ်ငန်းခွင်ပြင်ပတွင်လည်း စဉ်ဆက်မပြတ် လေ့ကျင့်အားထုတ်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ဒါ့အပြင် ယခုလို ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ …