ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း များ၊ ခရိုင်/ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ
ဗန်းမော် ဇူလိုင် ၃၀ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း အခြေခံပညာသင်ကြားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပညာရေးအခြေခံကောင်းမွန်သည့် လူငယ်၊ လူရွယ်များ အစဉ်အလာမပျက် မွေးထုတ်ပေးနိုင်ရေး အတွက် ပိုမိုကောင်းမွန်သည့် သင်ကြားသင်ယူမှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲက ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလာဒ်တွင် ပြည်နယ်အတွင်း ဗန်းမော်မြို့နယ်သည် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြစ်သည့်အပြင် ဂုဏ်ထူးရ ထူးချွန်ကျောင်းသား/ ကျောင်းသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည့် အတွက်…